ကလေးမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ(၃)ဦး ကျန်းမာရေးကောင်းမွန်သဖြင့်ဆေးရုံမှဆင်း

ကလေး အောက်တိုဘာ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ခုတင်(၃၀၀)ဆံ့ ဆေးရုံကြီး(တိုင်းရင်းဆေးရုံ)တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ အတည်ပြုလူ (၃)ဦးတို့သည် ဆေးရုံဆင်းသတ်မှတ်ချက်များအရ ကျန်းမာရေးကောင်းမွန်သောကြောင့် ယနေ့နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်က ဆေးရုံမှဆင်းခွင့်ပြုလိုက် ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အတည်ပြုလူနာ(၃)ဦးတို့မှာ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်နယ်မြေ(၃)နေ အမျိုးသား (၂)ဦးနှင့်အမျိုးသမီး(၁)ဦး တို့ဖြစ်ကြပြီး ကလေးမြို့ခုတင်၃၀၀ဆံ့ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မျိုးဝင်းနှင့် တာဝန်ရှိသူများက ဆေးရုံဆင်း လက်မှတ်များကို ပေးအပ်ခဲ့ကြပြီး ဆေးရုံဆင်းပြီးနောက် လိုက်နာရမည့်အချက်များကို တိကျလိုက်နာစေရန် မှာကြား ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ကပ်ရောဂါကူးစက်ခံရသည့်အတည်ပြုလူနာ စုစုပေါင်း (၆၆)ဦးရှိရာရာ (၄၂)ဦးမှာ ဆေးရုံဆင်းခွင့်ရရှိကြပြီး ကျန်ရှိနေသည့်အတည်ပြုလူနာ (၂၄)ဦး တို့ကို ကလေးမြို့ခုတင်(၃၀၀)ဆံ့ဆေးရုံကြီး တိုင်းရင်းဆေးရုံတွင် ဆေးကုသမှုခံယူစေကြောင်း သိရသည်။

ထန်းဖုန်(ပြန်/ဆက်)