ကျောက်မဲမြို့မှ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ဆေးရုံမှဆင်းခွင့်ရ

ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူခဲ့သည့် အသက် ၂၄ နှစ်အရွယ် ကိုဗစ်-၁၉ အတည်ပြုလူနာ (Case-35035) သည် ယနေ့‌ နေ့လယ်ပိုင်း ၁၂ နာရီ ကျော်အချိန်က ဆေးရုံမှဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။

ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ကာလအတွင်း အခြေခံလူတန်းစား အိမ်ထောင်စုများအား စားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စားသောက်ကုန်(၁၀)မျိုးတို့ကို ယမန်နေ့ နံနက်ပိုင်းက နှလုံးသာပရဟိတ(သီပေါ)အဖွဲ့မှ ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြသည်။

ဟိုပုံးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများသို့ ဟိုပုံးမြို့မစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များမှ ဆွမ်းဆန်နှင့် ဆီများ လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ မြို့မစခန်းမှူး ဒုရဲမှူး ကျော်သန်းနှင့် တပ်ဖွဲ့ဝင်များသည် ယမန်နေ့တွင် ဟိုပုံးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း(၉)ကျောင်းသို့ ဆွမ်းဆန်နှင့် ဆီများသွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ အသက်(၆၀)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများ ကြိုတင် ဆန္ဒမဲပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အသက် (၆၀)နှစ်နှင့်အထက်မဲဆန္ဒရှင်များက သက်ဆိုင်ရာရပ်ကွက် ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ကြိုတင်မဲများကို အောက်တိုဘာ(၂၉)ရက်မှနိုဝင်ဘာလ(၅)ရက်ထိ နံနက်(၈) နာရီမှည(၆)နာရီ အတွင်း ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

အိမ်မဲမြို့နယ် ယာယီဆေးရုံတွင် ကိုဗစ်-၁၉ ပိုးတွေ့၍ ဆေးကုသမှုခံယူနေသော လူနာ ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရ

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် ကိုဗစ်-၁၉ ယာယီဆေးရုံတွင် ပိုးတွေ့ရှိ၍ တက်ရောက် ဆေးကုသမှု ခံယူနေသည့် လူနာသည် ယနေ့တွင် ရောဂါလက္ခဏာများ သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။

မုဒုံမြို့နယ်၌ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စနစ်တကျလက်တွေ့သင်ကြား

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် မီးသတ်တပ်ဖွဲ့ဝင်များစွမ်းရည်ပြည့်ဝစေရန် ရှာဖွေ ကယ်ဆယ် ရေး သင်တန်းကို ယနေ့နံနက် ၁၀နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၌ လက်တွေ့ သင်ကြားပေးခဲ့ သည်။

ရေးမြို့နယ်၊ မြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက မဲပုံးများနှင့် မဲရုံသုံး ပစ္စည်းများ ထုတ်ပေး

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် မဲရုံသုံး ပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ယနေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တို့ ကြိုတင်ဆန္ဒမဲပေး

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းများ ပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တို့မှ ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့နယ်အတွင်းရှိ နွားလဝိုး ကျေးရွာအုပ်စု၊ လင်ဖုံလေးကျေးရွာတွင် ဆယ့်နှစ်လရာသီအလိုက် တစ်ပိုင်တစ်နိုင်သီးနှံများ စိုက်ပျိုး

လွိုင်ကော်မြို့နယ်အတွင်းရှိ နွားလဝိုး ကျေးရွာအုပ်စု၊ လင်ဖုံလေးကျေးရွာသည် ဆယ့်နှစ်လ ရာသီအလိုက် တစ်ပိုင်တစ်နိုင် သီးနှံများစိုက်ပျိုးလျက်ရှိရာ အောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး  ခရမ်းချဉ်သီး၊ ပန်းမုန်လာ၊ ကြက်သွန်ဖြူ အဓိက စိုက်ပျိုးပြီး အခြားသီးနှံများဖြစ်သည့် ပန်း၊ မုန်ညှင်း၊ ခရမ်းသီး ၊ပြောင်း၊ စပါး ၊ တို့ကိုလည်း စိုက်ပျိုးလျက်ရှိသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့အတွင်း ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများ၌ အသက်(၆၀)နှစ်နှင့် အထက် ကြိုတင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့် မဲရုံအသီးသီးတွင် တာဝန်ကျဝန်ထမ်းများ ကြိုတင် ဆန္ဒမဲပေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့အတွင်း ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ အသက်(၆၀)နှစ်နှင့် အထက်အဘိုး/အဘွားများ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ နှင့် မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်မည့် နိုင်ငံ့ဝန်ထမ်းများသည် အောက်တိုဘာလ ၂၉ရက်နေ့မှစ၍ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်ကိုယ်တိုင် ကြိုတင်မဲပေးလျက်ရှိကြောင်း သိရသည်။
Subscribe to