ကျောက်တလုံးကြီးမြို့တွင် ဆန္ဒမဲလက်မှတ်များနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ရပ်ကွက်အလိုက် ခွဲဝေဖြန့်ဝေ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင်၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့်မဲဆန္ဒ လက်မှတ်များနှင့် ကျန်းမာရေးအထောက်အကူပစ္စည်းများအား ကျောက်တလုံးကြီးမြို့ပေါ်ရှိမဲရုံ(၆)ရုံသို့ သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက ထုတ်ပေးခဲ့ကြောင်းသိရသည်။