ညောင်တုန်းမြို့၌ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ (၅/၂၀၂၀) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး‌ကော်မတီ (၅/၂၀၂၀) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

​ကျောက်တံတားမြို့နယ်တွင် ​ရွေး​ကောက်ပွဲ​ လုံခြုံ​ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေး ကျင်းပ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အဆင့် ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာ အစည်းအဝေးကို ယနေ့ ​ ​နေ့လယ် (၁)နာရီအချိန်က မြို့နယ်အ​ထွေ​ထွေ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်မြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်မည်ဖြစ်ရာ မဲရုံများအား မီးဘေးလုံခြုံမှုများ ရှိစေရန် ကွင်းဆင်းစစ်ဆေး

၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ ( ၈) ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ် မည်ဖြစ်ရာ ငြိမ်းချမ်းစွာဖြင့် ပြည်သူများ ဆန္ဒမဲပေးနိုင်ရန် ရည်ရွယ်၍ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံမှု ရှိစေရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ဖွင့်လှစ်ထားရှိသော မဲရုံများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည် ။

စုကလိမြို့တွင် မဲရုံလုပ်ငန်းဆိုင်ရာ ဆင့်ပွားသင်တန်းပို့ချမှုနှင့် မဲရုံပြင်ဆင်ထားရှိမှုအားစစ်ဆေး

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် မဲရုံလုပ်ငန်းဆိုင်ရာ ဆင့်ပွားသင်တန်းပို့ချမှုနှင့် မဲရုံပြင်ဆင်ထားရှိမှု အခြေအနေများအား ယနေ့ နံနက် ၁၀ နာရီအချိန်က မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဦးသန့်စင်၊ စုကလိမြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းယုမြို့ရှိ မဲရုံပြင်ဆင်ဆောက်လုပ်နေမှု အခြေအနေများအား ခရိုင်ရွေးကောက်ပွဲ ဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီအဖွဲ့မှ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌ ခရိုင် အုပ်ချုပ် ရေးမှူး ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် နယ်စပ်ဒေသ မိုင်းယုမြို့ရှိ မဲရုံပြင်ဆင်ဆောက်လုပ်နေမှု အခြေအနေများကို နိုဝင်ဘာ ၆ ရက်နေ့၊ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

လက်ပံတန်းမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုနှင့် ကမ်းပြိုဘေးမှ ကြိုတင်ပြောင်းရွှေ့ ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် အောက်တိုဘာ ၁၆ရက်နေ့က လေဘေးသင့်အမိုးလန် အိမ်ထောင်စုနှင့် နိုဝင်ဘာ ၂ရက်နေ့က မြစ်မခမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုဘေးမှ ကြိုတင်ပြောင်းရွှေ့ နေအိမ်(၂)လုံး၊ မျောပါနေအိမ်(၂) လုံးတို့အတွက် ယနေ့နေ့လယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက လာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့တွင် သက်ကြီးဘိုးဘွားများနှင့် နာမကျန်းသူများအား မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် နာမကျန်းသူများအား မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်မှ စတင်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေါလေမြိုင်မြို့၌ မဲရုံကြီးကြပ်ကွပ်ကဲရေး ဆင့်ပွားသင်တန်းပို့ချ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝေါလေမြိုင်မြို့ရှိ မဲရုံများတွင် တာဝန် ထမ်းဆောင်မည့်သူများအား မဲရုံကြီးကြပ်ကွပ်ကဲရေး ဆင့်ပွားသင်တန်းပို့ချခြင်းကို ယနေ့နံနက် ၉ နာရီက ဝေါလေမြိုင်မြို့မဲရုံများ၌ အသီးသီး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ကမ်းမြို့၌ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများကြိုတင်ပြင်ဆင်ထားမှု အခြေအနေများကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ် ဖလမ်းခရိုင် ခိုင်ကမ်းမြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီစနစ်တကျပြင်ဆင်ထားရှိမှု အခြေအနေများကိုယနေ့ နံနက်ပိုင်းတွင် စတင်၍ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ဆမီးမြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအား အာဟာရမှုန့်များထောက်ပံ့

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိတိုက်ပွဲရှောင်ပြည်သူများအား အာဟာရမှုန့် ထောက်ပံ့ ပေးခြင်းကို ယမန်နေ့က အမှတ်(၂)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
Subscribe to