ပန်ဆိုင်း နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ အောင်မြင်စွာ ပြုလုပ်ကျင်းပနိုင်ရေးအတွက် မြို့မဲရုံများ၌ စေတနာဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ကြမည့် (Volunteer)များအား မြို့ကျန်းမာရေးဌာနမှ ကျန်းမာရေးဆိုင်ရာသိကောင်းစရာများကို ယနေ့ နံနက်ပိုင်းက မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝးခန်းမ၌ သင်တန်းများပို့ချလျက်ရှိသည်။
ပန်ဆိုင်း(ကြူကုတ်)မြို့၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန်ဒေါက်တာတီခွန်ဆန် ဒွန်းနှင့် ကျန်းမာရေးဝန်ထမ်းတို့က ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ ရွေးကောက်ပွဲအောင်မြင်စွာ ပြုလုပ်ကျင်းပနိုင်ရန်အတွက် နိုဝင်ဘာလ(၈)ရက်နေ့တွင် ဆန္ဒမဲပေးမည့် ပြည်သူများအား ကျန်းမာရေးစစ်ဆေးမှုများကို စနစ်တစ်ကျဆောင်ရွက်နိုင်ရန်အတွက် ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများဖြစ်သည့် ကိုယ်အပူချိန်နှင့် အဖျားတိုင်းတာခြင်း၊ ၊ (Hand Spray)ဖျန်းပေးခြင်း၊ (KN-95) (GF-2626) ဝေပေးခြင်းနှင့် (PPE)ဝတ်ဆင်ခြင်းနှင့် အခြားကျန်းမာရေးဆိုင်ရာ သိကောင်းစရာနည်းမျိုးစုံတို့ကို လက်တွေ့သရုပ်ပြသင်ပြသပေးပြီး ပန်ဆိုင်း(ကြူကုတ်)မြို့၊ ရပ်ကွက်/ကျေးရွာများရှိ မဲရုံများ၌ ရွေးကောက်ပွဲကာလ၌ တာဝန်ထမ်းဆောင်ကြမည့် စေတနာဝန်ထမ်းသင်တန်းသားစုစုပေါင်း (၂၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)