ကျောက်တလုံးကြီးမြို့တွင် ဆန္ဒမဲလက်မှတ်များနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ရပ်ကွက်အလိုက် ခွဲ‌ဝေဖြန့်ဝေ

ကျောက်တလုံးကြီး  နိုဝင်ဘာ 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင်၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့်မဲဆန္ဒ လက်မှတ်များနှင့် ကျန်းမာရေးအထောက်အကူပစ္စည်းများအား ကျောက်တလုံးကြီးမြို့ပေါ်ရှိမဲရုံ()ရုံသို့ သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက ထုတ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါကျန်းမာရေးအထောက်အကူပစ္စည်းဖြစ်သော KN 95(၂၂၄၈)ခု၊Surgical Gown(၇၈)ထည်၊ Surgical Groves(၂၄)ခု၊ Protective Mask(၂၄)ခု၊PPE Level-3(၁၈)ထည်၊Face Shield (၃၀)ခု၊ Medical

Cap(၉၀)ခု၊ Goggle (၂၄)ခု၊ Boot(၁၈)ခု၊ Apron(၁၂)ခု၊ Hand Spray(၃၀)ခု၊ PPE Cover all(၁၂)ခု၊ Exam Glove(၁၉၂)ခုနှင့် မဲအသုံးအဆောင်ပစ္စည်းများဖြစ်ကြသော ဆန္ဒမဲလက်မှတ်များ၊ ဆန္ဒပြုခန်း၊ မဲပုံး၊ အမှန်ခြစ် တံဆိပ်တုံး၊ ချိတ်တောင့်၊ ချိတ်ထိုးတံဆိပ်၊ လုံခြုံရေးကြိုး၊ ခိုင်လုံမဲ၊ ပယ်မဲဗွီနိုင်း၊ မဲရုံပုံစံဗွီနိုင်း၊ စတေကာ၊ မှင်အိုး၊ မဲရုံမှူးလက်စွဲစာအုပ်များကို သက်ဆိုင်ရာရပ်ကွက် ကော်မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ခွဲဝေ ထုတ်ပေးရာတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့၌ အထွေထွေရွေးကောက်ပွဲကျင်းပရန်အတွက် မြို့ပေါ်()ရပ်ကွက်တွင် မဲရုံ()ရုံ ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်စုစုပေါင်း(၂၆၀၁)ဦးရှိကြောင်း သိရသည်၊၊

မြဝင်း (ပြန်/ဆက်)