မဲရုံများတွင်အသုံးပြုမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ပစ္စည်းများ ပေးအပ်

ဟိုပန်  နိုဝင်ဘာ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ()ရက် နေ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပချိန်၌ မဲဆန္ဒနယ်()နှင့်()ရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများနှင့် မဲရုံကိုယ်စားလှယ်များ၊ မဲလာပေးမည့် မဲဆန္ဒရှင်ပြည်သူ များအသုံးပြုနိုင်ရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ပစ္စည်းများကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဟိုပန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူး ဦးခင်လတ်နှင့် ဒုတိယမြို့နယ်အုပ် ချုပ်ရေးမှူး ဦးစိုးသိန်းတို့မှ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ထုတ်ပေးခဲ့သည်။

အဆိုပါထုတ်ပေးသည့် မဲရုံများတွင်အသုံးပြုမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာပစ္စည်းများတွင် N95-Mask Face Shield ခေါင်းဆောင်း၊ လက်အိတ်တို့ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)