လှိုင်သာယာ(အနောက်ပိုင်း) နိုဝင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အလယ်ကျေးရွာ (မြေတိုင်း ၂၂)တွင် ယာယီမဲရုံပြင်ဆင်ထားရှိမှုအခြေအနေများအား ယနေ့နံနက် ၁၁ နာရီက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ (အဖွဲ့ဝင်) မြောက်ပိုင်းခရိုင်တာဝန်ခံ ဦးဆန်းမြင့်အောင် ၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ(အဖွဲ့ဝင်) လှိုင်သာယာမြို့နယ်တာဝန်ခံ ဦးသန်းဦး ၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း ၊မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်ဌေးနှင့် ရပ်/ကျေး ကော်မရှင် အဖွဲ့ဝင်များ ၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေရီစိုး နှင့် တာဝန်ရှိသူများက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အလယ်ကျေးရွာ မြေတိုင်း(၂၂) တွင် ယာယီမဲရုံ ဆောင်ရွက် ထားရှိမှုအခြေအနေများ ၊မဲရုံဝင်ပေါက် ထွက်ပေါက်များ စနစ်တကျ ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ မဲပေးနည်း လက်တွေ့သရုပ်ပြမှုအား ကွင်းဆင်းကြည့်ရှု့ပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)