၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လွယ်လင့်တကူ မဲဆန္ဒပေးနိုင်ရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသီဟန်နှင့် ရဲတပ်ဖွဲ့ဝင်များ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးမျိုးမင်းဆွေနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စုရှိ မဲရုံ(၄)ရုံနှင့် နောင်ကျောကျေးရွာအုပ်စုရှိ မဲရုံ(၂)ရုံတို့၌ ကြိုတင်ပြင်ဆင်ထားမှုတို့ကို လှည်လည်ကြည့်ရှုစစ်ဆေးကြသည်။