လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ မြို့နယ်အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာ၀န်ရှိ သူများမှ  ရပ်ကွက်၊ ကျေးရွာမဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေများအား  ကွင်းဆင်း ကြည့်ရှု စစ်ဆေး

လှိုင်သာယာ(အရှေ့ပိုင်း) နိုဝင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ် ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများသည် ရပ်ကွက်၊ ကျေးရွာများရှိ မဲရုံများအား ပြင်ဆင်ထားရှိမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းကြည့်ရှု့စစ်ဆေးရာတွင် မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူ များသည် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ () ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အခက်အခဲမရှိ အဆင်ပြေချောမွေ့အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ  ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့်သူများနှင် ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ မဲရုံမှူးနှင့် ဒုမဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များ၏ ပြင်ဆင်ဆောင်ရွက်ထားသည့်  ဆန္ဒမဲပေးသူများ အဆင်ပြေစေရေးအတွက် ညွှန်ကြားချက်များနှင့် အညီမဲရုံများတွင် ကိုဗစ်၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ တစ်ဉီးနှင့်တစ်ဉီး ()ပေအကွာ  တန်းစီကာ  နှာခေါင်းစည်း ( Mask )တပ်ဆင်၍ ဆန္ဒမဲပေးရန် ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိမှုအား  ကြည့်ရှု့စစ်ဆေးခဲ့သည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာမဲရုံများတွင် တာဝန်ထမ်းဆောင် မည့်သူများ ကို မိမိတို့၏ မှတ်ပုံတင်ဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်ပါကြောင်း မဲပေးပိုင်ခွင့်ရှိသည့် ရပ်ကွက် ()ရပ်ကွက်နှင့် ကျေးရွာအုပ်စု()အုပ်စုရှိပြီး မဲရုံပေါင်း(၃၄၉)ရုံတွင် ဆန္ဒမဲပေးပိုင်ခွင့်သူဦးရေ (၃၆၂၄၂၅) ဦး ရှိကြောင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများ အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)