နောင်တရားမြို့၌ မဲရုံကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေအားစစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေကို မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။

မိုင်းရယ်မြို့နယ်၌ အထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုရန် ကျန်းမာရေးသုံးပစ္စည်းများ ဖြန့်ဝေ

လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် ဆန္ဒမဲပေးရာတွင် အသုံးပြုရန် အတွက် ကျန်းမာရေးသုံးပစ္စည်းများကို ယမန်နေ့ နံနက်(၁၀)နာရီက အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး၌ စတင်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နမ့်ဆန်၌ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများတို့နှင့် ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ပြုလုပ်သည်။

ပုဗ္ဗသီရိမြို့နယ်၌ အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရေး အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲများကောက်ယူ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ လာရောက်နိုင်ခြင်းမရှိသည့်အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များနှင့် နာမကျန်းဖြစ်နေသူများ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရေး အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲများ ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခိုင်ကမ်းမြို့တွင် Facility Quarantine ဝင်ရောက်နေသူအားကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ အတွင်း Facility Quarantine ဝင်ရောက်နေသူအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေ စီအထွေထွေ ရွေးကောက်ပွဲ တွင် ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ယနေ့ နံနက် ၁၀ နာရီက ကြိုတင်ဆန္ဒမဲ သွားရောက် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

တာမွေမြို့နယ်တွင် ယာယီမဲရုံများ ဆောက်လုပ်ပြီးစီးနေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်း​ဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာလ(၈)ရက်နေ့၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အဆင်ပြေ ချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ ဒဂုဏ်လွင်လမ်းနှင့် ဗျိုင်းရေအိုးစင်(ရွာမ)ရပ်ကွက်ရှိ ဗျိုင်းရေအိုးစင်လမ်းတို့တွင် ယာယီမဲရုံများ ဆောက်လုပ် ပြီးစီးနေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များဖြစ်ကြသော ဦးတင်ရှိန် နှင့် ဦးဌေးအောင်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ ဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက စည်ပင်သာယာမြို့မ ဈေးနှင့်အောင်ဆန်း ရပ်ကွက် ဈေးအတွင်း၌ ဈေးရောင်းချသူဈေးသည်များ (mask) နှာခေါင်းစည်းနှင့် မျက်နှာက (face shield) များ စနစ်တကျတပ်ဆင်ရောင်းချစေရေး၊ ဈေးရောင်းဈေးဝယ်ပြည်သူများ အားလုံး ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးလမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရေးကွင်းဆင်းစစ်‌ဆေးခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများကဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ (၅)ဦး ကျန်းမာရေး ကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြု

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေသာ ကိုဗစ်-၁၉ပိုးတွေ့ အတည်ပြုလူနာ(၅)ဦးမှာ ကျန်းမာရေးပြန်လည် ကောင်းမွန်လာပြီဖြစ်၍ ယနေ့နံနက်က ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများ၊ ရွေးကောက်ပွဲနေ့ တွင် တာဝန် ထမ်းဆောင်ကြမည့်ဝန်ထမ်းများ၊ခရီးသွားလာမည့်ဝန်ထမ်းများ ၊ မသန်စွမ်းသူများနှင့်ကျန်း မာရေး မကောင်းသည့် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ပိုင်းမှစ၍ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကျင်းပလျက်ရှိသည်။

ကော့ကရိတ်မြို့ စံပြစိုက်ခင်း၌ မျိုးကွဲနှုတ်ပယ်ခြင်းနှင့်​​ တောင်သူပညာ​ပေးကွင်းလက်​တွေ့ပြသ

ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့၊​ ကော့နွဲ​ကျွေးရွာတွင် CERP အရ RS နှင့် CS မျိုး​စေ့ထုတ် အကျိုး​ဆောင်​တောင်သူများ၏ (၁၀) ဧက စံပြစိုက်ခင်း၌ ယနေ့နံနက်ပိုင်းက မျိုးကွဲနှုတ်ပယ် ခြင်း၊ ကွင်းစစ်​ဆေးခြင်းနှင့် ​​တောင်သူပညာ​ပေးကွင်း လက်​တွေ့ပြသခြင်းကို ပြုလုပ်​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
Subscribe to