စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲ ကြိုတင်ဆန္ဒမဲပေးသူပေါင်း (၁၀၀၄၃) ဦးရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲကြို တင်ဆန္ဒမဲပေးသူပေါင်း (၁၀၀၄၃) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ကျောက်တန်းမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား မဲရုံအတွင်း လုံခြုံရေး၊ အုပ်ချုပ်ရေးနှင့် ကျန်းမာရေးဆိုင်ရာများ တွေ့ဆုံဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအား မဲရုံအတွင်း လုံခြုံရေး၊ အုပ်ချုပ်ရေးနှင့် ကျန်းမာရေးဆိုင်ရာများ တွေ့ဆုံဆွေးနွေးခြင်းကို အာသောကာရာမ ပရိယတ္တိစာသင်တိုက် ဝေပုလ္လဓမ္မာရုံတွင် ယနေ့ နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲ ပေးရာ၌ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီက လူစည်ကားရာ နေရာများ၌ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဌာနဆိုင်ရာဝန်ထမ်းများအား မဲရုံပြင်ပ၊ အပြင်စည်းကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင်များအဖြစ် တာဝန်ပေးအပ်

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများအား မဲရုံပြင်ပ ၊ အပြင်စည်းကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်များအဖြစ် တာဝန်ပေးအပ်ခြင်း အစည်းအဝေးကို ယနေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး တိုးချဲ့ဆောင်၌ ကျင်းပသည် ။

အင်းစိန်ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသုံးပြုနိုင်စေရန် အလှူရှင်များက အလှူငွေများနှင့်ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသုံးပြုနိုင်စေရန် အလှူရှင်များက အလှူငွေများ နှင့်ဆက်စပ်ပစ္စည်းမျာကိုယမန်နေ့ နံနက်ပိုင်းက အထွေထွေရောဂါ ကုဆေးရုံကြီး (အင်းစိန်) တွင် အလှူရှင်များက  အသီးသီး လှူဒါန်းခဲ့ကြောင်း သိရသည်။

ပဲခူးမြို့နယ်အတွင်းရှိ ယာယီမဲရုံနှင့် တပ်မဲရုံများ ဆောက်လုပ်နေမှုအား ကွင်းဆင်း စစ်ဆေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးထွန်းခင်သည် ပဲခူးတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ တာဝန်ရှိသူများနှင့်အတူ ၂၀၂၀ပြည့်နှစ် ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ ယာယီမဲရုံဆောက် လုပ်ထားရှိမှုနှင့် တပ်မဲရုံများ ဆောက်လုပ်နေမှု အခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်ချက်များ လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ်ရှိ မဲရုံများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက် ထားရှိမှု အခြေအနေများ ကွင်းဆင်းစစ်ဆေး

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေး ကောက်ပွဲတွင် ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ မဲရုံများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အစီအမံ များ ဆောင်ရွက်ထားရှိမှု အခြေအနေများအား မြို့နယ်ကျန်းမာရေး ဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း ၍ ယနေ့ နံနက်ပိုင်းက ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

သန်လျင်၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့်သူများနှင့် သက်ကြီးရွယ်အို ကျန်းမာရေး မကောင်းသူများ မသန်စွမ်း မဲဆန္ဒရှင်များအား ကြိုတင်ဆန္ဒမဲကောက်ယူ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်တော့မည်ဖြစ်ရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲ၌ တာဝန်ထမ်းဆောင်မည့် သူများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်း ကျန်းမာရေးမကောင်းသူများအား အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲကောက်ယူခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အုတ်ဖိုစုရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ နောင်ဘိုကြီးကျေးရွာ၌ မျိုးကောင်းမျိုးသန့် ဆင်းသုခမိုးစပါးစံကွက်ရိတ်သိမ်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ဆင်းသုခမျိုးကောင်း မျိုးသန့် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့က နောင်ဘိုကြီး ကျေးရွာရှိ တောင်သူဦးမြိုင်‌အေးတင်၏ လယ်မြေတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခရမ်းမြို့တွင် မဲပေးရမည့်နည်းလမ်းများ အသိပညာပေး လက်ကမ်းစာစောင်များ ပြည်သူများအား ဖြန့်ဝေ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့တွင် မြို့နယ် အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်အတွင်းနေ ဆန္ဒမဲ ပေးကြမည့် ပြည်သူများအဆင်ပြေ ချောမွေ့စေရေးအတွက် မဲပေးရာတွင် သိရှိလိုက်နာသင့်သည့် အချက်အလက်များ ပါရှိသည့် မဲပေးရမည့် နည်းလမ်းများပါရှိသည့် အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီက ခရမ်းမြို့လူစည်ကားရာနေရာ ဖြစ်သည့် ခရမ်းမြို့မဈေးနှင့် စနေလမ်းစုံတွင်မြို့နယ် အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများနှင့် မြိုနယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များက စုပေါင်း၍ ပြည်သူအများအား ဖြန့်ဝေ ပေးခဲ့ကြသည်။
Subscribe to