မင်းတပ်မြို့၌ မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

မင်းတပ်မြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး အတွက် မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် မင်းတပ်ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ယနေ့နံနက် ၈ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ချင်းရွှေဟော်တွင် တရုတ်နိုင်ငံမှ လွှဲပြောင်းလာသည့် နေရပ်ပြန်ပြည်သူ(၉၀)ဦးအား ဓါတ်ခွဲနမူနာများရယူ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ မြန်မာသံရုံးအကူအညီဖြင့် လွှဲပြောင်းလာသည့် ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသော မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၉၀)ဦးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက မြို့တော်ခန်းမ၊ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်း၌ ထားရှိပြီး ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုရှိ/မရှိ ဓါတ်ခွဲစစ်ဆေးနိုင်ရန်အတွက် ချင်းရွှေဟော်မြို့၊ ပြည့်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက ၎င်းတို့၏ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ် ဓါတ်ခွဲနမူနာများ ရယူခြင်းကို ယမန်နေ့ ည(၇) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္ထရာယ် နှင့် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းဆိုင်ရာ များ ရှောင်တစ်ခင်စစ်ဆေးခြင်းအသိပညာပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီက လွိုင်လင်မြို့ မြို့မဈေးကြီးရှေ့ နာရီစင်အနီး၌ ဆောင်ရွက်ကြောင်းသိရသည်။

ပန်ဝါမြို့၌ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးအောင်မြင်စွာကျင်းနိုင်ရေးအတွက် မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေကို ယနေ့ နံနက်(၁၀)နာရီက ပန်ဝါမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ က လိုက်လံစစ်ဆေးကြည့်ရှုခဲ့ကြသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၂)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် မြင်းခြံမြို့နယ် ထွေ/အုပ်ဝန်ထမ်းများ ပုညသဟာရ ဆွမ်းလောင်းအသင်းတွင် အာရုဏ်ဆွမ်းဟင်း ဆပ်ကပ်လှူဒါန်း

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်း အမှတ်အဖြစ် မြင်းခြံမြို့ ပုညသဟာရ နေ့စဉ် အာရုဏ်ဆွမ်းလောင်းအသင်းတွင် မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုက သံဃာတော်များအား အာရုဏ်ဆွမ်းဟင်း ဆပ်ကပ် လှူဒါန်းခြင်းကို ယနေ့ နံနက် (၅) နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရ သည်။

လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာမဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှု စစ်ဆေး

ကယားပြည်နယ် ၊ လွိုင်ကော်မြို့တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများသည် လွိုင်ကော်မြို့အတွင်းရှိ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့သည်။

ဖား​ဆောင်းမြို့နယ်၌ သက်ကြီးဘိုးဘွားများ၊ နာမကျန်းသူများနှင့် မသန်စွမ်းသူများ၊ ကြိုတင်ဆန္ဒမဲ​ပေးနိုင်​ရေး အိမ်တိုင်ရာ​ရောက် ​ဆောင်ရွက်​ပေး

ကယားပြည်နယ်၊ဖား​ဆောင်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာလ၈ရက်​နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုက​ရေစီအ​ထွေ​ထွေ​ရွေး​ကောက်ပွဲအတွက် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများ၊နာမကျန်းသူများ၊ မသန်စွမ်းသူများနှင့် အ​ကြောင်းအမျိုးမျိုး​ကြောင့် ရပ်ကွက်​ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင်ဆန္ဒမဲ လာ​ရောက် မ​ပေးနိုင်သူများထံ သွား​ရောက်၍ကြိုတင်ဆန္ဒမဲများကို ယမန်​နေ့က အိမ်တိုင်ရာ​ရောက်လိုက်လံ​ကောက်ခံခြင်းများကို ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၏ ဌာနနှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၇ ရက်နေ့တွင်ကျရောက်သည့် ဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံပြင်ဆင်ထားရှိမှုအား တာဝန်ရှိသူများက စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံနေရာများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုကို ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးလှမျိုးနှင့် ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲပိုင်းက ခနီ္တးမြို့ပေါ်ရှိ မဲရုံများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to