ပင်လောင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံသို့ ရွေးကောက်ပွဲ အတွက် ဆန္ဒမဲလက်မှတ်နှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်

ပင်လောင်း    နိုဝင်ဘာ  

ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ဆန္ဒမဲလက်မှတ်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံသို့ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ဘက်စုံသုံးခန်းမ၌  ထုတ်ပေးခဲ့သည်။

ဆက်စပ်ပစ္စည်းများဖြစ်သည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ဝတ်စုံ၊ (KN 95 ) နှာခေါင်းစည်း မျက်နှာကာ၊ လက်သန့်ဆေးရည်၊ မျက်မှန်၊ လက်အိတ်၊ ခေါင်းစွပ်၊ လည်ဆွဲကတ်များ ရပ်ကွက်/ကျေးရွာအလိုက် ထုတ်ပေးခဲ့ကြောင်း၊ ပင်လောင်းမြို့နယ်၌ ပင်လောင်းမြို့ပေါ်(၁၀)ရပ်ကွက်၊ ပေါင်းလောင်းမြို့ တွင်()ရပ်ကွက်၊ နောင်တရားမြို့တွင်()ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၅)အုပ်စု စုစုပေါင်း ရပ်ကွက်/ကျေးရွာ အုပ်စု(၄၄)ခုရှိရာ မဲဆန္ဒနယ် အမှတ်()() နှစ်ခုဖြင့် မဲရုံ (၁၄၃)ရုံ၊ မဲဆန္ဒရှင် (၁၃၃၃၀၃)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။

ခွန်အာကာစိုး (ပင်လောင်း)