ဖားဆောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေများအား ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကွင်းဆင်းစစ်ဆေး
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖားဆောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာမဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေများကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ဘောလခဲခရိုင်ရွေးကောက်ပွဲ အရာရှိ၊ ဘောလခဲခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ယနေ့ နံနက်(၁၀)နာရီ ခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။