စဉ့်ကိုင်၊ နိုဝင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတာဝန်များ ထမ်းဆောင်မည့် မဲရုံမှူး ဒုမဲရုံမှူးများအား လုပ်ငန်းလမ်းညွှန်ချက်များ ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်လှိုင်က မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက်များ မဲရုံလုပ်ငန်းလမ်းညွှန်ချက်များ မဲပေးခြင်းလုပ်ငန်းအဆင့်ဆင့်များ မဲရုံအဖွဲ့ဝင်များ၏ လုပ်ကိုင်ဆောင်ရွက်ရမည့်မဲလက်မှတ်ထုတ်ပေးခြင်းများကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကံမြင့်ကလည်း မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရေးဆန္ဒမဲရယူရာတွင် စနစ်တကျဖြစ်စေရေးတို့ကို ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် တတ်ရောက်လာကြသော မဲရုံမှူး၊ ဒုတိယမဲရုံမှူးများကလည်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို အသီးသီးဆွေးနွေးခဲ့ကြပြီး စဉ့်ကိုင်မြို့နယ်တွင် ရပ်ကွက်/ ကျေးရွာ (၅၃) အုပ်စုရှိရာ မဲရုံပေါင်း (၁၄၂) ရုံ ပြင်ဆင်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၁၁၈၄၁၈) ဦးရှိကြောင်း သိရသည်။
ညိုညိုဝင်း(စဉ့်ကိုင်၊ ပြန်/ဆက်)