ကျောက်ကြီးမြို့နယ်၌ မဲရုံများစတင်ဖွင့်လှစ် မဲဆန္ဒရှင်ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်အညီ ဆန္ဒမဲပေး
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်-ကျောက်ကြီးမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် ရပ်ကွက်/ကျေးရွာ အုပ် စု (၄၁) အုပ်စုရှိ မဲရုံပေါင်း (၁၄၆) ရုံ၌ ဆန္ဒမဲပေးနိုင်ရန် ယနေ့နံနက် (၆) နာရီအချိန်မှစတင်၍ တစ်ပြိုင်နက်ထဲ မဲပေး ခွင့်ပြုကြောင်း သိရသည်။