ပင်လည်ဘူး နိုဝင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၇ ရက်နေ့တွင်ကျရောက်သည့် ဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နောင်က ဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အကြောင်းအရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများအား ဌာနနှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် အမှတ်တရပစ္စည်းလက်ဆောင်တို့ကို မဲနှိုက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်နောင်နှင့်ဝန်ထမ်းအဖွဲ့များမှ ပင်လည်ဘူးမြို့ ရွှေကျောင်းပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်အရှင်သူမြတ်များ၏ နေ့ဆွမ်းတစ်နပ်စာ နဝကာမ အလှူတော်ငွေ (၂၄၂၀၀၀)ကျပ်အား ဆရာတော်ဘဒ္ဒန္တ ဝဏ္ဏိတဗုဒ္ဓိထံ ဆက်ကပ်လှူဒါန်းပြီး သာဓုခေါ်ဆိုခဲ့ကြကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)