မြင်းခြံ နိုဝင်ဘာ ၇
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်း အမှတ်အဖြစ် မြင်းခြံမြို့ ပုညသဟာရ နေ့စဉ် အာရုဏ်ဆွမ်းလောင်းအသင်းတွင် မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုက သံဃာတော်များအား အာရုဏ်ဆွမ်းဟင်း ဆပ်ကပ် လှူဒါန်းခြင်းကို ယနေ့ နံနက် (၅) နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရ သည်။
မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီ အောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းစိုးလင်း၊ ဒုတိယဦးစီးမှူးများနှင့် ဝန်ထမ်းများက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ပုညသဟာရ နေ့စဉ် အာရုဏ်ဆွမ်းလောင်းအသင်းတွင် သံဃာတော်အပါး (၃၆၅)ပါး အား ဝက်သားဟင်း ဆွမ်းဟင်း နှင့် အချိုရည်ဘူး(၁) ဘူးစီ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)