နမ့်ခမ်းမြို့နယ်၌ မဲဆန္ဒရှင်အများဆုံးဖြစ်သည့် အမှတ်(၄) ရပ်ကွက်၊ မဲရုံအမှတ်(၁)တွင် ပြည်သူများ မဲစတင်ပေး
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ဦးရေ အများဆုံးဖြစ်သည့် မြို့ပေါ်ရပ်ကွက်မှ အမှတ်(၄) ရပ်ကွက်၏ မဲရုံအမှတ်(၁)အား ယနေ့နံနက် (၆)နာရီအချိန်က စတင်၍ (၂၀၂၀)ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို စတင်ကျင်းပရန်လျက်ရှိရာ ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ပြည်သူလူထုများ တည်ငြိမ် အေးချမ်းစွာ မဲပေးကြသည်။