ဖား​ဆောင်းမြို့နယ်၌ သက်ကြီးဘိုးဘွားများ၊ နာမကျန်းသူများနှင့် မသန်စွမ်းသူများ၊ ကြိုတင်ဆန္ဒမဲ​ပေးနိုင်​ရေး အိမ်တိုင်ရာ​ရောက် ​ဆောင်ရွက်​ပေး

ဖား​ဆောင်း         ​နိုဝင်ဘာ     ၇

ကယားပြည်နယ်၊ဖား​ဆောင်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာလ၈ရက်​နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုက​ရေစီအ​ထွေ​ထွေ​ရွေး​ကောက်ပွဲအတွက် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများ၊နာမကျန်းသူများ၊ မသန်စွမ်းသူများနှင့် အ​ကြောင်းအမျိုးမျိုး​ကြောင့် ရပ်ကွက်​ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင်ဆန္ဒမဲ လာ​ရောက် မ​ပေးနိုင်သူများထံ သွား​ရောက်၍ကြိုတင်ဆန္ဒမဲများကို ယမန်​နေ့က အိမ်တိုင်ရာ​ရောက်လိုက်လံ​ကောက်ခံခြင်းများကို ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ထိုသို့​ဆောင်ရွက်ရာတွင် သက်ဆိုင်ရာရပ်ကွက် /​ကျေးရွာ​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မဲ​စောင့်ကြည့်​ရေးအဖွဲ့ဝင်များ၊သက်ဆိုင်ရာမဲရုံအလိုက်အဖွဲ့ဝင်များ ပါဝင်​သော အဖွဲ့များက မဲရုံသို့ လာ​ရောက်မဲ​ပေးရန် အခက်အခဲရှိသူများအား ကြိုတင် မဲ​ပေးနိုင်​ရေး ​ဆောင်ရွက်​ပေးခဲ့ကြသည်။

ဖား​ဆောင်းမြို့​နယ်အတွင်းတွင် မဲဆန္ဒရှင်စုစု​ပေါင်း(၃၄၂)ဦးအား ကျန်းမာ​ရေးနှင့်အညီ လုံခြုံ​ဘေးကင်းစွာ ဆန္ဒမဲ​ပေးနိုင်မည့်အခွင့်အ​ရေးများရရှိရန် ကြိုတင်ဆန္ဒမဲများကို အိမ်တိုင်ရာအရောက် ​ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)