ပန်ဝါမြို့၌ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

ပန်ဝါ    နိုင်ဝင်ဘာ 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးအောင်မြင်စွာကျင်းနိုင်ရေးအတွက် မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေကို ယနေ့ နံနက်(၁၀)နာရီက ပန်ဝါမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ က လိုက်လံစစ်ဆေးကြည့်ရှုခဲ့ကြသည်။

ထို့သို့ ကြည့်ရှုစစ်ဆေးရာတွင် မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးနှင့် ဆန္ဒမဲရယူရာတွင် စနစ်တကျဖြစ်စေရေး အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအားလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအားလည်းကောင်း ကြည့်ရှု့စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကိုမှာကြားခဲ့ကြောင်းသိရသည်။

ပန်ဝါမြို့တွင် မဲရုံ()ရုံပြင်ဆင်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစုစုပေါင်း (၁၂၅၆)ဦးကြောင်း သတင်းရရှိသည်။

ရဲညွန့်(ပြန်/ဆက်)