လွိုင်ကော် နိုဝင်ဘာ ၇
ကယားပြည်နယ် ၊ လွိုင်ကော်မြို့တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများသည် လွိုင်ကော်မြို့အတွင်းရှိ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှု့စစ်ဆေးရာတွင် မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတို့က လွိုင်ကော်မြို့နယ်အတွင်းရှိ မဲရုံများ၌ ဆန္ဒမဲပေးသူများ အဆင်ပြေစေရေးအတွက် ညွှန်ကြားချက်များနှင့် အညီ မဲရုံများတွင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ တစ်ဉီးနှင့်တစ်ဉီး (၆)ပေအကွာ တန်းစီကာ နှာခေါင်းစည်း (Mask)တပ်ဆင်၍ ဆန္ဒမဲပေးရန် ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)