ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ မဲဆန္ဒနယ်အမှတ်(၂)ရှိ မဲရုံအသီးသီး၌ မဲရုံမှူးများက လွှတ်တော် ကိုယ်စားလှယ် လောင်းများ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ /အကူကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာသူများ၊ ကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံအဖွဲ့ဝင် များရှေ့တွင် မဲပုံးများ အလွတ်ဖြစ်ကြောင်းပြသ၍ မဲပုံးအားအဖုံး ပိတ်ခြင်း၊ ရွေးကောက်ပွဲကော်မရှင်တံဆိပ်နှင့် မဲပုံးလုံခြုံရေးကြိုး၏ အမှတ်စဉ် များအား မှတ်သားခြင်း၊ မဲပုံးအား ချည်နှောင်ခြင်းများ ဆောင်ရွက်ပြီး ယနေ့ နံနက်(၆:၀၀)နာရီ အချိန်၌ မဲရုံဖွင့်လှစ်ကြောင်း ကြေငြာ၍ မဲဆန္ဒရှင်ပြည်သူများက စတင်ဆန္ဒမဲပေးနေကြောင်း သိရသည်။