လွိုင်လင် နိုဝင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္ထရာယ် နှင့် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းဆိုင်ရာ များ ရှောင်တစ်ခင်စစ်ဆေးခြင်းအသိပညာပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီက လွိုင်လင်မြို့ မြို့မဈေးကြီးရှေ့ နာရီစင်အနီး၌ ဆောင်ရွက်ကြောင်းသိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ဆိုင်ကယ်စီးနင်းသူများသည် ဆိုင်ကယ်စီးဦးထုပ်ကိုစနစ်တကျဆောင်းရန်၊ ရှေးမီးဖွင့်မောင်းရန် ၊ ယာဉ်မောင်းလိုင်စင်ပါရှိရန် တို့ကိုလည်းကောင်း ၊ မော်တော်ယာဉ်မောင်းသူများသည် ထိုင်ခုံခါးပတ် ပတ်ရန် ၊ ယာဉ်မောင်းနေစဉ်အတွင်း ဖုန်း အသုံးပြုပြောဆိုခြင်း ရှိ/မရှိ စသည်တို့ကို ယာဉ်ထိန်းရဲတပ်ဖွဲ့ တပ်ဖွဲ့စု မှ ရဲအုပ် အောင်ဇော်ဌေး နှင့် တပ်ဖွဲ့ဝင်များက ရှောင်တစ်ခင်စစ်ဆေးပြီး အသိပညာပေးလက်ကမ်းစာစောင်များ နှင့် နှာခေါင်းစည်းမတ်စ်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မိုးလွင်ဦး(လွိုင်လင်)