မင်းလှမြို့နယ်အတွင်းရှိ ကြိုတင်ဆန္ဒမဲပေးမှုနှင့် မဲရုံအခြေအနေများအား နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့မှ လာရောက်လေ့လာ

မင်းလှ(အောက်) နိုဝင်ဘာ

ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ကြိုတင်ဆန္ဒမဲပေးမှု အခြေအနေများနှင့် ရွေးကောက်လုပ်ငန်းစဉ်များကို နိုင်ငံတကာရွေးကောက်ပွဲလေ့လာရေးအဖွဲ့ (INTERNATIONAL ELECTION OBSERVERS) မှ နိုင်ငံခြားသူတစ်ဦးသည် ယနေ့ နံနက်ပိုင်းကမေးမြန်းလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ရှေးဦးစွာနိုင်ငံတကာ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့ (INTERNATIONAL ELECTION OBSERVERS) မှ ဖိလစ်ပိုင်နိုင်ငံသူ Alonso Aiess Athina Escalona သည် စကားပြန် ဦးမောင်နိုင်အောင်တို့သည် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်ဝင်းနှင့် အဖွဲ့ဝင်များ တွေ့ဆုံ၍ ကြိုတင်ဆန္ဒမဲပေးမှုအခြေအနေများ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လုံခြုံရေးဆောင်ရွက်ထားရှိမှုများ၊ ကိုဗစ် -၁၉ ကြိုတင်ကာကွယ်ရေးနှင့်ဆောင်ရွက်ထားမှုများ၊ မဲရုံပြင်ဆင်ထားမှု အခြေအနေများ၊ ပြည်သူလူထုအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဆောင်ရွက်မှု အခြေအနေများတို့အား ဆွေးနွေးမေးမြန်းလေ့လာခဲ့သည်။

ထို့နောက်လမ်းမတော်ရပ်ကွက်ရှိ အမှတ်()မဲရုံနှင့် သရက်တပင်ကျေးရွာအုပ်စု၊ သရက်တပင်မဲရုံများသို့  သွားရောက်ကြည့်ရှုလေ့လာ၍ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ မဲရုံအတွင်းဆောင်ရွက်ထားမှု အခြေအနေများကိုမေးမြန်းခဲ့ပြီး မဲရုံအတွင်းအပြင် ပြင်ဆင်ထားရှိမှုများကိုကြည့်ရှုခဲ့ကြောင်း သိရသည်။

ပေါက်စ မင်းလှ