မိုင်းဖြတ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ လွှဲပြောင်းပေးအပ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်းရှိမဲရုံများတွင် အသုံးမပြုဘဲကျန်ရှိနေသည့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ ညနေ ၃ နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် လွှဲပြောင်းပေးအပ်ခဲ့သည်။