ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် Rs to Cs မျိုးသန့်ပွား၊ မျိုးစေ့ထုတ် မိုးစပါးစိုက်ပျိုးထားသည့် စံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စီးပွားရေးကုစားမှု COVID-19 Economic Relief Plan (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော Rs to Cs မျိုးသန့်ပွား၊ မျိုးစေ့ထုတ် မိုးစပါးစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက်၁၀နာရီက မြို့မအုပ်စုရှိတောင်သူဦးစိုင်းစိုင်းခမ်းကျန်၏လယ်ကွင်း၌ ဆောင်ရွက်ခဲ့သည်။