ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာတစ်ဦး ထပ်မံတွေ့ရှိ

ကယားပြည်နယ်အတွင်း အသွားအလာ ကန့်သတ်ခြင်းခံထားရသူများ၏ ဓာတ်ခွဲနမူနာများကို (၈.၁၁.၂၀၂၀) ရက်နေ့တွင် တောင်ကြီးမြို့ ၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (PHL)သို့ ပေးပို့စစ်ဆေးခဲ့ရာ ယမန်နေ့က တောင်ကြီးမြို့၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (PHL)၏ ဆေးစစ်ဆေးချက်အဖြေ ထုတ်ပြန်ချက်အရ (၁) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ (ပိုးတွေ့ရှိ) ရကြောင်း သိရှိရသည်။

လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း မရှိသော လမ်းသွား ၊ လမ်းလာပြည်သူများအား စစ်ဆေးဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် လမ်းသွားလမ်းလာ၊ လူထူထပ်သည့် နေရာများတွင် Mask တပ်ဆင်သည့် အလေ့အထရှိပြီး ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ လမ်းသွား ၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို ယမန်နေ့ ညနေပိုင်းက လွိုင်ကော်မြို့ မြို့လယ် နာရီစင်၌ဆောင်ရွက် ခဲ့သည်။

နမ့်စန်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂နာရီ က ကျင်းပခဲ့ရာ နမ့်စန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ခိုလမ်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် အငြိမ်းစား ဝန်ထမ်းဟောင်းများ တက်ရောက် ခဲ့ကြသည်။

စစ်ကိုင်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား နိုင်ငံတော်မှ စတုတ္ထအကြိမ် ထောက်ပံ့ငွေများပေး

နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ် လျက်ရှိရာ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက မိမိတို့ရပ်ကွက်/ ကျေးရွာ ပြည်သူများအား စနစ်တကျပြန်လည် ထုတ်ပေးလျက်ရှိပြီး ယနေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့ မင်းလမ်းရပ်ကွက် ပြည်သူများသို့ ထောက်ပံ့ငွေများပေးအပ်လျက်ရှိကြောင်း သိရသည်။

ရပ်စောက်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၂၁၃၈)စုအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်တုံ့ပြန်ရေးလုပ်ငန်းစဉ်များဆောင်ရွက်နေစဉ်ကာလအတွင်း ပြည်သူများစားဝတ်နေရေးအဆင်ပြေစေရန် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစာများ အတွက် ထောက်ပံ့ငွေများကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်ချူပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။

ပြည်မြို့(ဆင်မကြပ်) စစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများကို စစ်ဆေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့အဝင် (ဆင်မကြပ်)လမ်းဆုံစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး စစ်ဆေးရေးလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က အဆိုင်းသုံးဆိုင်းဖြင့် နေ့/ည မပြတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပဲခူးမြို့တွင် မီးလောင်မှုကြောင့် ဆိုင်ခန်း(၃)ခန်း ပျက်စီးခဲ့ရာ မီးပေါ့ဆသူအား အရေးယူ

ပဲခူးမြို့၌ ယမန်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်က ရပ်ကွက်ကြီး(၇) ဗိုလ်ချုပ်အောင်ဆန်းလမ်းသွယ်နှင့် ဗိုလ်တေဇလမ်းရှိ ဆိုင်ခန်း(၃)ခန်း မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသောကြောင့် ပဲခူးခရိုင်/မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များဖြင့် အချိန်မီ ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်ကာလ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများအား စတုတ္ထအကြိမ်ထောက်ပံ့ငွေပေးအပ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား စတုတ္ထအကြိမ် ကိုဗစ်ကာလ ထောက်ပံ့ကြေး အိမ်‌ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀)စီကို ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဦးသန်းနိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဒေါ်နန်းသန်းသန်းလွင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောသန်းထွဋ်တို့သည် ကျောက်တစ်လုံး (ဝင်းဒရယ်) ကျေးရွာအုပ်စု၊ ဘင်ဂျီကျေးရွာအုပ်စု၊ ကော့ရင်းအောက်ကျေးရွာအုပ်စု၊ ဘားကပ်ကျေးရွာအုပ်စုနှင့် ရသေ့ပျံ ကျေးရွာအုပ်စုရှိ အိမ်ထောင်စုများအား ထောက်ပံ့ငွေများသွားရောက်ပေးအပ်ခဲ့သည်။

က‌လေးမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေများ လွှဲပြောင်း ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ကိုဗစ်-၁၉ ‌ရောဂါကာကွယ်ထိန်းချုပ်‌‌ရေး ကာလအတွင်း နိုင်ငံတော်အစိုးရက ပုံန်ဝင်ငွေမရှိသော အခြခံလူတန်းစား အိမ်ထောင်စုများ အတွက် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to