ဇီးကုန်း နိုဝင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မိုးစပါးစုစုပေါင်း အထွက်နှုန်း မှန်ကန်စွာ သိရှိနိုင်ရေးအတွက် ဇီးကုန်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ စံကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက်က သစ်နဖားကျေးရွာအုပ်စု တွင် ဆောင်ရွက်ခဲ့ကြသည်။
ဇီးကုန်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းမင်း ကြီးကြပ်၍ ဒု-ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စု စံကွက်ရိတ်သိမ်းရေးအဖွဲ့မှ တာဝန်ရှိသူများသည် သစ်နဖား ကျေးရွာအုပ်စု သစ်နဖားကျေးရွာအနောက် ကွင်းအမှတ်(၄၂၁ E) ဦးပိုင်အမှတ် (၅၂ ခ/၂) ဒေါ်ခင်မျိုးဝေပိုင် လယ်မြေတွင် စိုက်ပျိုးထားသော ဧည့်မထ(အခြား) စံကွက်အား ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် အခြောက် တင်း(၆၈.၂၁)တင်းနှုန်းထွက်ရှိကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)