ကိုဗစ်-၁၉‌‌ ရောဂါ ကြိုတင် ကာကွယ်၊ထိန်းချုပ် နိုင်ရေးအတွက် အ ပြင် ထွက် တိုင်း နှာ ခေါင်း စည်း (mask) တပ် ဆင် ခြင်း အား   လိုက် နာ မှု ရှိစေရန် အသိပညာပေး လုပ်ငန်း အား အ ရှိန်  အဟုန် မပျက် ဆက်လက် ဆောင်ရွက်

ရန်ကုန်တိုင်း ဒေသကြီး၊တောင်ပိုင်း ခရိုင် ကွမ်းခြံကုန်း မြို့နယ် တွင်ကူးစက်မြန်ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင် ရေး အတွက် ဌာန ဆိုင်ရာ များ၊ အရပ်ဖက် အဖွဲ့ အ စည်း များ ပူးပေါင်း ပါ ဝင် သော ကိုဗစ်-၁၉ စည်းကမ်း ထိန်း သိမ်း ရေး အဖွဲ့မှ အသိပညာ ပေးခြင်း၊စည်းကမ်း လိုက်နာမှု မရှိသူ များ အား ဒဏ်ငွေပေးဆောင် စေခြင်း များကို ယမန် နေ့ မနက် (၉) နာရီ က စ ၍မြို့မဈေးကြီး အတွင်းနှင့် မြို့လယ် အဝိုင်း၊ ဇာ တိ မာန် ခန်း မ အ‌ ရှေ့ ဗိုလ်ချုပ်် လမ်းမကြီး ပေါ်တွင် ဆောင် ရွက် ခဲ့ကြောင်း သိ  ရသည်။

တီးတိန်မြို့နယ်၌ (VRFP) မတည်ရန်ပုံငွေစီမံကိန်းဖြင့် ဆောင်ရွက်သည့် နေကြာစိုက်ပျိုးခြင်းလုပ်ငန်း အောင်မြင်ဖြစ်ထွန်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်မှစ၍ ကျေးရွာ (၆)ရွာ၌ မတည်ရန်ပုံငွေစီမံကိန်း (VRFP) လုပ်ငန်းကိုအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

တောင်တွင်းကြီးမြို့နယ် ပရပ်ကြယ်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့လူနာ(၆)ဦး ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ပြု

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပရပ်ကြယ်တိုက်နယ်ဆေးရုံ (အဆောက် အဦသစ်) တွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၆)ဦးသည် သတ်မှတ်ရက် (၁၁)ရက်စောင့်ကြည့်ကုသပြီးဖြစ်၍ ယမန်နေ့နေ့လယ် (၁၁:၃၀)နာရီအချိန်က ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။

စဉ့်ကိုင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော် စိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်တည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့သော ထောက်ပံ့ငွေများကို ယနေ့နံနက် (၁၁)နာရီက ရန်အောင်မြင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ အခြေခံလူတန်းစားအိမ်ထောင်စုများအား ပဉ္စမအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်

ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အခြေခံလူတန်းစား အိမ်ထောင်စု ၂၇၆၃၅ စုအား ကိုဗစ် - ၁၉ ကာလ စားဝတ်နေရေး အဆင်ပြေ စေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ပဉ္စမအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်း၌ ကျင်းပသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များ အား ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ တားဆီး၊ ကာကွယ်ထိန်း ချုပ်ရေး၊ ကုသရေးကာလတွင် ပုံမှန်ဝင်ငွေမရှိသော ဝင်ငွေနည်း အခြေခံ လက်လုပ်လက်စား အိမ်ထောင်စုဝင် များအား နိုင်ငံတော်မှထောက်ပံ့သော ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် အမှတ်(၁၀၈၊ ၁၁၈၊ ၁၂၄)ရပ်ကွက်တို့၌ အခြေခံလူတန်းစားများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် လျက်ရှိသည်။

ရေဇွာမြို့ ပြည့်သူ့စာကြည့်တိုက်၌ ပုံပြောခြင်း၊ ကဗျာရွက်ဖတ်ခြင်း အစီအစဉ်များကို Online မှတဆင့် အပတ်စဉ်ရိုက်ကူးတင်ဆက်

ရေဇွာမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ပြည်သူ့စာကြည့်တိုက် ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း စာကြည့်တိုက်ခေတ္တပိတ်ထားပြီး Online မှတဆင့် ပုံပြောခြင်း၊ ကဗျာရွက်ဖတ်ခြင်းများကို အပတ်စဉ်တင်ဆက်လျက်ရှိရာ ယနေ့ နံနက် ၁၁ နာရီအချိန်တွင် တိုင်းလုံစာပေနှင့် ယဉ်ကျေးမှုကော်မတီမှရေးသားပြုစု သည့်" ညီညွတ်ကြမယ်"ဆိုတဲ့ပုံပြင်ကို ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။

မြေဆီလွှာပြုပြင်ထိန်းသိမ်းနည်း နှင့် ဓာတုဆေးဝါးများလျှော့ချနည်းသင်တန်း ဖွင့်လှစ်သွားရန်ပြင်ဆင်မှုများပြုလုပ်

တောင်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် မြေဆီလွှာပြုပြင်ထိန်းသိမ်းနည်းနှင့် ဓာတုဆေးဝါးများလျှော့ချနည်းသင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI)ကသိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် နယ်မြေအေးချမ်းလုံခြုံရေး မှုခင်းများ လျော့နည်းကျဆင်း စေရေးအတွက် လှည့်ကင်းများဖြင့် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း တရားဥပဒေ စိုးမိုးရေး နယ်မြေအေးချမ်းလုံခြုံရေး၊ မှုခင်းများလျော့နည်းကျဆင်းရေးနှင့် ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှ ညစဉ်လှည့်ကင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည ၁၀ နာရီက (င)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရုံးအဖွဲ့ဝင် များ၊ အမှတ်(၃)ရဲကင်းမှ တပ်ကြပ်ကြီး ရဝေလင်းထိုက်နှင့် တပ်ဖွဲ့ဝင် များ ပူးပေါင်း၍ ရပ်ကွက်အတွင်း လှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော ခြေခံလူတန်းစား အိမ်ထောင်စု (၅၅၉၂)စု အတွက် ထောက်ပံ့ငွေများပေးအပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်းရှိ နိုင်ငံတော်အစိုးရမှ စတုတ္ ထကြိမ်မြောက် ထောက်ပံ့ပေးအပ်သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၅၅၉၂)စုအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to