ကမမောင်း၊ နိုဝင်ဘာ ၁၁
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရေးအတွက် နိုင်ငံတော် အစိုးရမှ ထောက်ပံ့သည့် ထောက်ပံ့ငွေများအား စတုတ္ထအကြိမ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးများ နှင့်ရပ်ကွက် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၏နေအိမ်များ၌ စနစ်တကျပေးအပ် လျက်ရှိကြောင်းသိရှိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို ကမမောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူက ယမန်နေ့ညနေ(၄)နာရီခွဲ အချိန်ကရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများထံပေးအပ်ခဲ့ပြီး ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများသို့ အိမ်ထောင်စုတစ်စုလျှင်ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် ဆက်လက် ထောက်ပံ့ပေး ခဲ့သည်။
ကမမောင်းမြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၁၉၂၆)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ်(၃၈၅၂၀၀၀၀)ကို ပြည်သူများ ထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရှိသည်။
လင်းသန့်(ပြန်/ဆက်)