မိုးကောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် တစ်အိမ်ထောင်လျှင်ကျပ်(၂၀၀၀၀/-)နှုန်း စတုတ္ထအကြိမ်ထောက်ပံ့
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၄၁၀၄)စုအတွက် ကျပ်သိန်း(၂၈၂၀)ကျော်ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီခွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။