ဘားအံမြို့တွင် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း စိစစ်ခြင်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း စိစစ်ခြင်းနှင့်ပတ်သက်၍ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ဘားအံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်၁၁နာရီအချိန်က ပြုလုပ်ခဲ့သည်။

ပလောက်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ပုံမှန်၀င်ငွေမရှိသည့် အခြေခံအိမ်ထောင်စုများအား (စတုတ္ထ အကြိမ်) ထောက်ပံ့ငွေပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ၊ အမှတ်(၃)ရပ်ကွက်ရှိ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း နိုင်ငံတော် အစိုးရမှ ထောက်ပံ့သည့် ပုံမှန်၀င်ငွေမရှိသော အခြေခံအိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ပေး အပ်ခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပေးအပ်ခဲ့သည်၊

မြစ်သားမြို့နယ်တွင် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် (၁၀)နာရီက စာရေးဆရာများနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များသည် နေရှင်နယ် ပရဟိတကျောင်းသားများနှင့် တွေ့ဆုံပြီး စာဖတ်ရှိန် မြင့်မားလာစေရန် နှင့် အတွေးအခေါ် ပိုမိုရင့်သန်လာလာစေရန် ရည်ရွယ်ပြီး စာရေးဆရာအောင်သင်း၏"မျိုးဆက်သစ် တိုးတက်ရစ်ဖို့-၂"စာအုပ်အား စာဖတ်ဝိုင်း ကျင်းပ ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏အမိန့်အမှတ်(၁၄၇/၂၀၂၀)အား ပြည်သူများ တိကျစွာလိုက်နာစေရေး အသံချဲ့စက်များများ လိုက်လံကြေညာပေး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြား ချက်အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားရှိသော အမိန့်အမှတ် (၁၄၇/၂၀၂၀)အား ပြည်သူများ တိကျစွာလိုက်နာစေရေး ယမန်နေ့ ည(၇)နာရီခွဲ အချိန်က ဈေးတန်းရပ်ကွက်ရှိပြည်သူများအား ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးနိုင်ဌေးနှင့် ရပ်မိ၊ ရပ်ဖများမှ အသံချဲ့ စက်ဖြင့် လိုက်လံကြေညာပေးလျှက်ရှိကြောင်း သိရှိရသည်။

သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာများနှင့်ပတ်သက်ပြီး ပြည်သူများသိရှိနိုင်စေရန် ရည်ရွယ်၍ Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျွန်းစုမြို့တွင် အခြေခံလူတန်းစား အိမ်ထောင်စု (၂၃၈၄၅) စုအတွက် စတုတ္ထအကြိမ် ထောက်ပံ့ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် နိုင်ငံတော်မှ ကိုဗစ် - ၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂)သောင်းနှုန်းဖြင့် အခြေခံလူတန်းစားအိမ်ထောင်စု(၂၃၈၄၅)အတွက် ငွေကျပ် သိန်းပေါင်း(၄၇၆၉)သိန်းကို မြို့နယ်ကျွန်းရတနာခန်းမ၌ ယနေ့နံနက်ပိုင်းက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု များအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေများ ထပ်မံပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်း၌ ပင်မွန်းကျေးရွာအုပ်စု အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို ပြည်သူများလက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့သည်။

ဒဂုံမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုပြီးသော မဲရုံများအား ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိ ရပ်ကွက်(၅)ရပ်ကွက်တို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံအဖြစ် အသုံးပြုထားသော အခြေခံပညာကျောင်းများနှင့် ဓမ္မာရုံတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအနေဖြင့် ပိုးသတ် ဆေးဖြန်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဆောင်ရွက်ကြောင်း သိရသည်။

အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြည်သူများ လိုက်နာဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးနိုးဆော်

ကယားပြည်နယ်၊ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ  ဝန်ထမ်းများသည် မြို့နယ်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု မဖြစ်ပွားစေရန်နှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာများအတွက် အသိပညာပေး နိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးမိတ်မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူ တန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀/-နှုန်းဖြင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နေ့လယ် ၃ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to