ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အိမ်ပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က နေ့စဉ် စစ်ဆေးဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ်သူ များအား စစ်ဆေးအရေးယူခြင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ယနေ့ နံနက် ၈ နာရီက မြို့နယ်အတွင်းရှိ အမှတ်(၃၃)ရပ်ကွက်၊ ကျောက်စိမ်း (၂)လမ်း ပျံကျစျေးနှင့် အမှတ် (၅၀)ရပ်ကွက်၊ လမုပျံကျစျေးတို့တွင် စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် ပဥ္စမ အကြိမ်မြောက် ထောက်ပံငွေများပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်အစိုးရအနေဖြင့် ပဥ္စမအကြိမ်မြောက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲခန့်က မြို့နယ်အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော် အစိုးရမှ ထောက်ပံ့ငွေများပေးအပ်

ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများ စားဝတ်နေရေး ပြေလညစေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၄၀၀၀၀/-) ထောက်ပံ့ခြင်းကို ယနေ့ နံနက်(၉)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် သက်ဆိုင်ရာ စိစစ်ဖြန့်ဝေရေးအဖွဲ့များသို့ ပေးအပ်ခဲ့သည်။

ကချင်ပြည်နယ်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေါင်ဆန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရမှကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးသုံး ပစ္စည်းများ လာရောက် ပေးအပ်လှူဒါန်း

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေါင်းဆန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရမှ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းသုံး ပစ္စည်းများကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ထိန်ချုံးခရိုင်၊ ဟော်ချောင်မြို့နယ်၊ တရုတ်-မြန်မာ ချစ်ကြည်ရေး ဥမင်လိုဏ်ခေါင်း ရှေ့တွင် ပေးအပ် လှူဒါန်းခဲ့သည်။

ဒေါပုံမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ပဉ္စမအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာလ၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများထံသို့ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား ကို ယနေ့ နံနက်(၁၀)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။

ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဈေးဆိုင်များ ဖွင့်လှစ် ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ ဈေးများနှင့် မြို့တွင်းရှိ ဈေးဆိုင်ခန်းများတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်ညွှန်ကြားချက်များ၊ သတ်မှတ်ချိန်များအတိုင်း ရောင်းချရန်နှင့် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ဆက်လက်လိုက်နာ ဆောင်ရွက်သွားရန် သက်ဆိုင်ရာက ကြေညာချက် ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ယနေ့နံနက်ပိုင်းက မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ နယ်မြေရဲတပ်ဖွဲ့၊ နယ်မြေမီးသတ်တပ်ဖွဲ့၊ မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က မြို့တွင်းရှိ ဈေးဆိုင်များသို့ ရှောင်တခင်လှည့်လည် စစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး (Positive)တွေ့ရှိသူ(၁၆၅)ဦး၊ ကျန်းမာ‌ရေး ကောင်းမွန်၍ ဆေးရုံမှ ဆင်းလာသူ(၁၅၂)ဦးနှင့် သေဆုံးသူ(၆)ဦးထိရှိ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် စက်တင်ဘာလ(၁၃) ရက်နေ့မှစ၍ နိုဝင်ဘာ(၁၁)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ (၁၆၅) ဦး၊ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှ ဆင်းလာသူ(၁၅၂)ဦးနှင့် သေဆုံးသူ(၆)ဦး ရှိသွားပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရ သည်။

ကျောင်းကုန်း၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အစည်းအဝေးပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အေးချမ်း သာယာခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်ပြုလုပ်သည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

တွန်းဇံမြို့၌ အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကျင်းပ

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် တွန်းဇံမြို့ အခြေခံပညာ အထက်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် သက်သာသောဈေးနှုန်းများဖြင့် အသား၊ ငါး ဟင်းသီးဟင်းရွက်နှင့် အခြေခံစားသောက် ကုန်များကို တတိယအကြိမ်မြောက် လှည့်လည်ရောင်းချ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းစီစဉ်မှု​ဖြင့် အသား၊  ငါး၊ ဟင်းသီးဟင်းရွက်များနှင့် အခြေခံစားသောက်ကုန်များကို   တတိယအကြိမ်မြောက်  လှည့်လည် ရောင်းချ​ခြင်းကို    (ဇ) ရပ်ကွက်  ဥဇ္ဇနာလမ်းမမှစ၍ ယမန်နေ့ နံနက် ၇ နာရီမှ ၉နာရီ    အထိ ရောင်းချခဲ့ကြောင်း သိရသည်။     
Subscribe to