ဝေါ နိုဝင်ဘာ ၁၁
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်က ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ အချိန်မီထောက်ပံ့ပေး နိုင်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေါမြို့နယ်၌ နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်စဉ် ကာလအတွင်း ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု(၂၁၂၀၅)စုအတွက် ထောက်ပံ့ပေး အပ်ခြင်းဖြစ်ပြီး ထောက်ပံ့ငွေကျပ်(၄၂၄၁၀၀၀၀၀)ငွေကျပ်ကို ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေါမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၄)အုပ်စုတွင် အခြေခံစားသောက်ကုန် (၅)မျိုး ရရှိခဲ့သည့် အိမ်ထောင်စု(၁၄၀၀၈)စု၊ (၁၅၀၀၀)ကျပ်ရရှိခဲ့သည့် အိမ်ထောင်စု (၄၄၃၁)စုနှင့် တတိယအကြိမ် ထပ်တိုးပါရှိလာသော အိမ်ထောင်စု(၂၇၆၆)စု၊ စုစုပေါင်း အိမ်ထောင်စု(၂၁၂၀၅)စုအတွက် ထောက်ပံ့ငွေ(၄၂၄၁၀၀၀၀၀)ကျပ်အား သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)