ပွင့်ဖြူမြို့နယ်၌ တစ်ပိုင်တစ်နိုင် နဂါးမောက်သီးနှံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူများ ဖြစ်ထွန်းအောင်မြင်ကာ မိသားအပိုဝင်ငွေရရှိ

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများက ဉယျာဉ်ခြံမြေများနှင့် နေအိမ်ဝိုင်းအတွင်း မြေကွက်လပ်များတွင် တစ်ပိုင်တစ်နိုင် နဂါးမောက်သီးနှံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူများ ဖြစ်ထွန်း အောင်မြင်ပြီး မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်မှ တစ်ပိုင်တစ်နိုင် နဂါးမောက်သီးနှံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူများထံမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၁၆၅၀၄)စုတို့အတွက် ထောက်ပံ့ငွေများ ပေးအပ်

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားများအား နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် စတုတ္ထအကြိမ် ထောက်ပံ့ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပေါက်ခေါင်းမြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်ပြည်သူ့ဆေးရုံမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူလူနာ၁၁ဦးအနက်၉ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရ

ပေါင်းတည်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့သူ လူနာများဖြစ်ကြသော  ဦးသော့ ကျောင်းလမ်းမှ အမျိုးသမီး(၁)ဦးနှင့် ကိုးနှစ်အရွယ်မိန်းကလေး(၁)ဦး၊ ရွှေတောင်လမ်းနေ အမျိုးသမီး(၂)ဦးနှင့် အမျိုးသား(၁)ဦး စပါးကြွယ်ကျေးရွာမှ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး ပေါက်တောကျေးရွာမှ လူနာ အမျိုးသား(၁)ဦးနှင့် သာလှပင်စည်ကျေးရွာလူနာအမျိုးသမီး (၁)ဦး စုစုပေါင်း ၉ ဦးတို့သည် သတ်မှတ်ထားသော ဆေးရုံတက်ရက်ပြည့်ပြီး ကျန်းမာရေး ကောင်းမွန် သဖြင့် ယနေ့ နံနက် ၁၂ နာရီ အချိန်ခန့် က ဆေးရုံဆင်းခွင့်ရရှိသွားပြီဖြစ်သည်။

ဂန့်ဂေါခရိုင် ကျောက်ထုမြို့ရှိ ဆင်းသုခမျိုးသန့် မျိုးပွားစိုက်ပျိုးသည့် စပါးခင်းများ စတင်ရိတ်သိမ်း

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသတွင် ပွင့်ဖြူမျိုး သန့်မျိုးပွားခြံမှ (RS)အဆင့် မှ ရယူ၍ စိုက်ပျိုးသည့် (cs)အဆင့် ဆင်းသုခမျိုးသန့်မျိုးပွား စပါးစိုက်ခင်းများ ရင့်မှည့် နေပြီဖြစ်သဖြင့် ရိတ်သိမ်းနေ ပြီဖြစ်ကြောင်း ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဇီးကုန်းမြို့နယ်တွင် အာရှကွန်ယက်အဖွဲ့မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့ခဲ့သူများအား ဒုတိယအကြိမ် RDT Test ဖြင့်စစ်ဆေးရာ အားလုံးတွင်  ပိုးမတွေ့ရှိ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်သို့ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ စောင့်ကြည့်လေ့လာရန် လာရောက်ခဲ့သော အာရှကွန်ယက်အဖွဲ့မှ ဖိလစ်ပိုင် နိုင်ငံသူနှင့် စကားပြန်တို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သောကြောင့် ၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား ယနေ့နေ့လယ် ၁ နာရီခွဲက ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် COVID-19 ANTIGEN (RDT) RAPID TEST KIT ဖြင့် ဒုတိယအကြိမ် ရောဂါပိုးရှိ/မရှိ ထပ်မံစစ်ဆေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီက တောင်ကြီး-ဆီဆိုင်-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လူအသွားအလာများသော ဆီဆိုင်မြို့မဈေးရှေ့ တွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ကုန်းဆွတ်ကျေးရွာအုပ်စုအတွင်းရှိ အခြေခံလူတန်းစားများ စားသောက်ရေးအဆင်ပြေစေရေးအတွက် ကျေးရွာအရောက် ထောက်ပံ့ငွေများပေးအပ်

ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ စားသောက်ရေးအဆင်ပြေစေရေးအတွက် နိုင်ငံတော်မှ တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် (စတုတ္ထအကြိမ်)ထောက်ပံ့ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီခွဲက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ကုန်းဆွတ် ကျေးရွာအုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများထံသို့ အိမ်တိုင်ရာအရောက် ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့သည်။

ရွာသစ်မြို့ သံလွင်မြစ်ကမ်းအနီး တာဆန်းလဲ ရှေးဟောင်းစေတီတော်၌  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်- ရွာသစ်မြို့   သံလွင်မြစ်ကမ်း စွပ်ပိုင်အနီးတွင် တာဆန်းလဲ ရှေးဟောင်းစေတီ ကပ်ကျော်လဘ်ခေါ်စေတီအား ပြန်လည် ပြုပြင်မွမ်းမံရန်အတွက် ယနေ့ နံနက်ပိုင်းက  ဒေသခံ ပြည်သူများ စုပေါင်း၍  သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to