အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်သူများ လိုက်နာ ဆောင်ရွက်နိုင် ရန်အတွက် အသိပညာပေး နှိုးဆော်

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနမှ ဝန်ထမ်းများသည်  မြို့နယ်အတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့် ပွားမှု မဖြစ်ပွားစေရန်အတွက် အသိပညာပေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

ဖလမ်း၌ ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

ဖလမ်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက ဖလမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။

ပန်းတောင်းမြို့နယ်တွင် ကိုဗစ် -၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ ပန်းတောင်းမြို့နယ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များကို ယနေ့နံက် ၁၀ နာရီအချိန်က ဥသျှစ်ပင်မြို့မစျေး၌ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ရိခေါ်ဒါရ်မြို့ အသွားအလာကန့်သတ်စောင့်ကြည့်နေရာ၌ စောင့်ကြည့်ထားရှိသူ ၁၃ ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ အထကခွဲကျောင်း၌ အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိသည့် ပြည်ပ နိုင်ငံများမှ နေရပ်ပြန်လာသူ ၁၃ ဦးတို့၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ် (Swab)ကို စစ်ဆေးရာတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခြင်း မရှိကြောင်း ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနမှ သိရသည်။

ကလေးခရိုင် မင်းကင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ် ဖြင့် ဆင်းသုခ မျိုးစေ့ထုတ် ကွက် ရိတ်သိမ်း

စစ်ကိုင်းတိုင်းဒေသကြီးကလေးခရိုင်၊မင်းကင်းမြို့နယ် ဘိုင်ကျေးရွာအုပ်စု၊ ရွာသာကျေးရွာ တောင်သူ ဦးလှိုင်မြင့်၏ ဆင်းသုခမျိုးစေ့ထုတ်အကွက်တွင် ကိုဗစ်၁၉ စီးပွားရေး ကုစားမှု အစီအစဉ် CERPအစီအစဉ်ဖြင့်စိုက်ပျိုးထားသော မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း စံကွက် ရိတ်သိမ်းခြင်း ယနေ့ နံနက်ပိုင်းတွင် ရိတ်သိမ်ခဲ့ကြောင်းသိရသည်။

ရွှေတောင်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများ(စတုတ္ထအကြိမ်) ထပ်မံပေးအပ်

ပဲခူးတိုင်းတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့်တုံ့ပြန်ရေးလုပ်ငန်းများ  ဆောင်ရွက်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေများ(စတုတ္ထအကြမ်) ထပ်မံပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ပိုင်းက ရွှေတောင်မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပေးအပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ရာသီဥတုပူပြင်းမှုကြောင့် မိုးရာသီစိုက်ပျိုးသည့် ထိုင်ဝမ်ခရမ်းချဉ်စိုက်ခင်းများ အထွက်နှုန်း ကျဆင်း

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် မုန်းချောင်းရေနှင့် မြေအောက်ရေကို အမှီပြု၍ မိုးရာသီတွင် စိုက်ပျိုးသည့် ထိုင်ဝမ်ခရမ်းချဉ်သီးနှံ စိုက်ပျိုးတောင်သူများ ယခုနှစ် ရာသီဉတုပူပြင်းမှုကြောင့် အောင်မြင် ဖြစ်ထွန်းမှုနည်းပြီး ခရမ်းချဉ်သီးအထွက်နှုန်း လျော့နည်းကာ တောင်သူများ အရှုံးပေါ်လျက်ရှိကြောင်း သမန်းရင်း ကျေးရွာမှ ဒေသခံတောင်သူ များထံက သိရသည်။

ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြို တင်ကာကွယ်ထိန်းချုပ်နိုင်‌ရေး အတွက်အမိန့်အမှတ် ၁၄၇/၂၀၂၀ အားလှည့်လည်အသိပေးနှိုးဆော်

 ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပြည်သူလူထုအတွင်းပိုမိုသိရှိလိုက်နာစေရေး လှည့်လည်နှိုးဆော် ပေးခြင်း လုပ်ငန်းကို ယမန်‌နေ့က ခရမ်းမြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက  မြို့ပေါ်ရပ်ကွက်(၁၃) ရပ်ကွက်အတွင်းသို့လိုက် လံအသိပညာပေးနှိုး‌ဆော်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်ပြန်/ဆက်ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ သုတရသစာအုပ်မျိုးစုံလှူဒါန်း

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ ယနေ့နံနက်(၁၁)နာရီက မင်္ဂလာဦး အထိမ်းအမှတ်အဖြစ် သုတရသစာအုပ်မျိုးစုံ (၃၀)အုပ် တန်ဖိုးငွေကျပ်(၄၅၀၀၀)ကိုလာရောက် လှူဒါန်းကြောင်း သိရသည် ။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် တိုင်းဒေသ ကြီး အစိုးရအဖွဲ့ ရန်ပုံငွေမှ သန်း(၉၁၀၀)ကျော် သုံးစွဲလုပ်ဆောင်သွားမည်

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြစ်ကမ်းပါးထိန်းသိမ်းရေး လုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေနှင့် အရေးပေါ်ရန်ပုံငွေတို့မှ ကျပ်(၉၁၅၀)သန်း အသုံးပြုပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
Subscribe to