မော်လမြိုင်ကျွန်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်‌ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ငွေနှင့် အသုံးအဆောင် ပစ္စည်းများလှူဒါန်း

မော်လမြိုင်ကျွန်း နိုဝင်ဘာ ၁၁

မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့အချိန်ထိ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူ(၁၆၅)ဦးရှိပြီး ကုတင် ၁ဝဝ ဆေးရုံကြီးနှင့် တိုင်းရင်းဆေးရုံတွင် ကုသဆဲလူနာ(၇၃)ဦး ကျန်းမာရေးကောင်းမွန်စွာ ဆေးရုံဆင်းသူ (၉၂)ဦးရှိပြီဖြစ်သည်။

မြို့နယ်တွင် ပိုးတွေ့လူနာများပြားနေသည့် အချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြိုနယ်အုပ်ချုပ်ရေးမှူးနှင့် မြို့မိ/မြို့ဖများ၊ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များမှ ကာကွယ်တားဆီးရေး လုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့်အတူ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ယနေ့မွန်းလွဲ ၃ နာရီအချိန်ကမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေး ကော်မတီတွင် အသုံးပြုနိုင်ရန် အလှူငွေများနှင့် ကျန်းမရေးသုံး ပစွည်းများ လှူဒါန်းပေးအပ်ခြင်း ဆောင်ရွက်သည်။

ထိုသို့လှူဒါန်းရာတွင် ဒေါ်ခင်သီတာနှင့် သူငယ်ချင်းများ (ရန်ကုန်)မှ ၉သိန်းကျပ်၊ စိမ်းလဲ့ဧရာ ကျေးလက်လူမှု့ဖွံဖြိုးရေးအဖွဲ့မှ mask တစ်ထောင်၊ PPE ငါးစုံ၊ Cap တစ်ထုတ်၊ MMK ပိုးသတ်ဆေး ၉လီတာတစ်ပုံး၊ ဖိနပ်အရှည်နှစ်ရန်၊ Apronနှစ်ထုတ်၊ ကိုကျော်နိုင်ဦး+မပိုင်ပိုင်စိုး (သား)သုတအောင် တစ်သိန်းနှစ်သောင်း ငါးထောင်ကျပ်၊ ကိုရဲသူအောင်+မဝင်းဝင်းမြိုင် (သမီး) မခြူးခေတ်သခင် တစ်သိန်း၊ မယမင်းစုဝါ(ရန်ကုန်) သူငယ်ချင်းတစ်စု့မှ တစ်သိန်းကျပ်၊ ကိုအောင်မြတ်ထွန်း+မဖြိုးသီရိက အလယ်ရေ ကျော်ကျေးရွာ တစ်သိန်းကျပ်၊ ဒေါ်လှမျိုးယဉ်နှင့်သူငယ်ချင်းတစ်စု့ တစ်သိန်းကျပ်၊ ဦးအောင်ကျော်မိုး(ဘဝ တက္ကသိုလ်) တစ်သိန်းကျပ်တို့နှင့် ကျန်းမာရေး အသုံးအဆောင်ပစ္စည်းများ လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးနှင့် ကော်မတီ အဖွဲ့ဝင်များမှ လက်ခံရယူကြကြောင်း သိရသည်။

သီတာအောင်(ပြန်/ဆက်)