ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်လမှတစ်နှစ်ခွဲအထိ ကလေးငယ်များအားပုံမှန် ကာကွယ်ဆေးထိုးနှံ

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်လမှ တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်က မြို့သစ်ရပ်ကွက် မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ထိုးနှံပေးနေကြောင်းသိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကျေးရွာများအရောက် အသိပညာပေးမှုများ ဆောင်ရွက်

ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ ပြည်သူ့များကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့မွန်းလွဲပိုင်းက ဝါးသိင်္ခကျေးရွာ၌ ကွင်းဆင်း၍ အသိပညာပေးမှုများ ဆောင်ရွက်နေကြောင်းသိရသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မဖြစ်ပေါ်စေရေးအတွက် နေအိမ်ပြည်ပ ထွက်ခွာသွားလာနေသာ ခရီးသွားပြည်သူများ နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး

ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်နှံ့မှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကို  စဉ်ဆက်မပြတ် ဆောင် ရွက် လျက်ရှိရာ

ရှားတောမြို့နယ်၊ စလောင်းကျေးရွာခန်းမဆောင်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဓမ္မဓိဌာန်မေးခွန်းများဖြေဆို

ကယားပြည်နယ်၊ ရှားတောမြို့နယ် စလောင်းကျေးရွာခန်းမဆောင်တွင် လူမှုဝန်ထမ်း ဦးစီးဌာနက ကြီးမှူး၍ မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များက စလောင်း ကျေးရွာရှိ ကလေးသူငယ်များအား ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာ ပေး ဟောပြောခြင်းနှင့် ဓမ္မဓိဌာန်မေးခွန်းများ ဖြေဆိုခြင်းကို ယမန်နေ့ ညနေ(၄:၃၀)နာရီက ဆောင်ရွက်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ၌ ရပ်ကွက်များအတွင်း လှည့်လည် ဈေးရောင်းချ နေသူများအား Hand Speaker များအသုံးပြု၍ ဈေးရောင်းချခြင်းမပြုလုပ်စေရန် ပညာပေးအစီအစဉ်ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ၌ ပြည်သူများစိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရန် ရပ်ကွက်များအတွင်း လှည့်လည်ဈေးရောင်းချ နေသူများ အား Hand Speaker များအသုံးပြု၍ ဈေးရောင်းချခြင်းမပြုလုပ်စေရန် ပညာပေး အစီအစဉ်ပြုလုပ်၍ အရေးယူခြင်းကို ယမန်နေ့နံနက် (၇) နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

အလုံမြို့နယ် သံဝေဂလူမှုကူညီရေးအသင်းသို့ အလှူငွေများလှူဒါန်း

အလုံမြို့နယ်တွင်းပြည်သူများအတွက် ဆောင်ရွက်လျက်ရှိသော   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေး လုပ်ငန်းများ၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် ရည်ရွယ်ကာ  ရန်ကုန် အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ သံဝေဂလူမှုကူညီရေး အသင်းသို့  ယမန်နေ့က  အလှူငွေများ လာရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။

အလုံမြို့နယ် အ-ထ-က(၇) အသွားအလာကန့်ကတ်စောင့်ကြည့်စင်တာ (Quarantine Centre) သို့ မုန့်ဟင်းခါးပွဲ(၈၀)လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံ  အသွားအလာကန့်သတ် စောင့်ကြည့်နေရာရှိ အသွားအလာကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအတွက် ယမန်နေ့က   နံနက်စာအတွက်  မုန့်ဟင်းခါးများလာရောက် လှူဒါန်းခဲ့ ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင်  နယ်မြေအေးချမ်းလုံခြုံရေး၊ မှုခင်းများလျော့နည်းကျဆင်းစေရေး အတွက် ယာဉ်စစ်ဆေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း နယ်မြေ အေးချမ်း လုံခြုံရေး၊ မှုခင်းများလျော့နည်းကျဆင်းရေးနှင့် ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင် ရေး အတွက် ယမန်နေ့ည ၉ နာရီမှ ၁၁ နာရီအချိန်ထိ

ကြံခင်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးစရိတ်များ ထုတ်ချေး

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်တွင် တောင်သူများအား ၂၀၂၀ပြည့်နှစ် ဆောင်းသီးနှံ စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးပေးခြင်းကို မြို့နယ်ဘဏ်ခွဲမှ ယမန်နေ့က ထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။
Subscribe to