ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့ ကြေးငွေ ပေးအပ်ရာတွင်စနစ်တကျ မှန်ကန်မှု ရှိစေရေးနှင့် မလိုလားအပ်ဘဲ လူစုလူဝေးများမဖြစ်ပေါ်စေရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အခြေခံ လူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့ကြေးငွေ ပေးအပ်ရာတွင်စနစ်တကျ မှန်ကန်မှု ရှိစေရေးနှင့် မလိုလားအပ်ဘဲ လူစုလူဝေးများ မဖြစ်ပေါ်စေရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ(၁၆း၀၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင်းကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။