အလုံ နိုဝင်ဘာ ၂၅
အလုံမြို့နယ်တွင်းပြည်သူများအတွက် ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေး လုပ်ငန်းများ၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် ရည်ရွယ်ကာ ရန်ကုန် အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ သံဝေဂလူမှုကူညီရေး အသင်းသို့ ယမန်နေ့က အလှူငွေများ လာရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင်အမှတ်(၇၇/၃လွှာ)ဌာနာလမ်း၊အလုံမြို့နယ်နေ ဒေါ်မီမီသော်၏ (၃၇)နှစ် ပြည့်မွေးနေ့ အလှူအတွက် အလှူငွေကျပ်(၁)သိန်း၊ ကွယ်လွန်သူ မိဘ(၂)ပါးနှင့် ခင်ပွန်း(ကိုတင်လှိုင်-တေးသံရှင်) အားရည်စူး၍ ဒေါ်ကျင်ယုံမိသားစု၊ အမှတ်(၄၀)သိပ္ပံလမ်း၊ ဆင်မင်းရပ်ကွက်၊ အလုံမြို့နယ်မှ အလှူငွေ(၁)သိန်း ကို ပေးအပ်လှူဒါန်းခဲ့ရာ သံဝေဂလူမှု ကူညီရေး မှ ဥက္ကဋ္ဌ ဦးခင်ဇော်လတ်နှင့်အဖွဲ့ဝင်များက လက်ခံရယူ ခဲ့ကြောင်း သတင်းရရှိသည်။
တင်တင်ချို (အလုံ)