အလုံမြို့နယ် အ-ထ-က(၇) အသွားအလာကန့်ကတ်စောင့်ကြည့်စင်တာ (Quarantine Centre) သို့ မုန့်ဟင်းခါးပွဲ(၈၀)လှူဒါန်း

အလုံ     နိုဝင်ဘာ   ၂၅


ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံ  အသွားအလာကန့်သတ် စောင့်ကြည့်နေရာရှိ အသွားအလာကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအတွက် ယမန်နေ့က   နံနက်စာအတွက်  မုန့်ဟင်းခါးများလာရောက် လှူဒါန်းခဲ့ ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင် အလုံမြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်မှ  အသက်(၄၄)နှစ်ပြည့် မွေးနေ့အလှူအဖြစ် နံနက်စာအတွက်  မုန့်ဟင်းခါးပွဲ (၈၀)ကို  လှူဒါန်းခဲ့ရာ Centre တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့ ကြောင်းသိရ သည်။
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၌ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာ များကို အ−ထ-က(၇)နှင့် အ-ထ-က(၄) အလုံတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရာ  စေတနာရှင်အလှူရှင်များအနေဖြင့် စားသောက်ဖွယ်ရာများကို လှူဒါန်းနိုင်ပြီး တစ်ဦးအတွက် တနေ့တာ စားစရိတ် ၅၀၀၀ကျပ်ဖြင့် ငွေသားလှူဒါန်းနိုင်သလို၊ မိမအစီအစဉ်ဖြင့်လည်း ထမင်းဘူးများ၊ စားသောက်ဖွယ်များကို လှူဒါန်းနိုင်ကြောင်း သိရှိရသည်။
တင်တင်ချို(အလုံ)