ရှားတော နိုဝင်ဘာ ၂၅
ကယားပြည်နယ်၊ ရှားတောမြို့နယ် စလောင်းကျေးရွာခန်းမဆောင်တွင် လူမှုဝန်ထမ်း ဦးစီးဌာနက ကြီးမှူး၍ မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များက စလောင်း ကျေးရွာရှိ ကလေးသူငယ်များအား ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာ ပေး ဟောပြောခြင်းနှင့် ဓမ္မဓိဌာန်မေးခွန်းများ ဖြေဆိုခြင်းကို ယမန်နေ့ ညနေ(၄:၃၀)နာရီက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာမြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင် မြို့နယ်ဉပဒေအရာရှိ ဦးရဲဝဏ္ဏထွဋ် က ကလေးသူငယ်ဆိုင်ရာ ဥပဒေအကြောင်းကို ရှင်းလင်းဟောပြောပြီး မြို့နယ် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်ရီရီချိုက ကလေးသူငယ်များ၏ အခွင့်အရေးနှင့် မြန်မာနိုင်ငံကလေးများနေ့ အကြောင်းကို အသိပညာပေးပြောကြားပြီး ကလေးသူငယ်များက ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ဓမ္မဓိဌာန် မေးခွန်းများဖြေဆိုခဲ့ကြကြောင်းသိရသည်။
ထွန်းအောင်(ပြန်/ဆက်)