အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မဖြစ်ပေါ်စေရေးအတွက် နေအိမ်ပြည်ပ ထွက်ခွာသွားလာနေသာ ခရီးသွားပြည်သူများ နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး

ဖရူဆို    နိုဝင်ဘာ ၂၅


ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်နှံ့မှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကို  စဉ်ဆက်မပြတ် ဆောင် ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့လယ်လမ်းဆုံ၌ ဖြတ်သန်းသွားလာနေသော ခရီးသွား ပြည်သူများ နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ် တပ်ဖွဲ့ တို့က မြို့ပေါ် (၅)ရပ်ကွက်ရှိ လမ်းဆုံများ၌ (Mask) တပ်ဆင်သည့် အလေ့အထ များ ရရှိစေရန် အတွက် နေ့စဉ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ကူးစက်မှုနှုန်းများပြားလာသည့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသောပြည်သူများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက် များနှင့်အညီ နေထိုင်သွားလာစေရေးအတွက် နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်း မရှိသူများအား ချက်ချင်း ဝယ်ယူတပ်ဆင်စေခဲ့ကြောင်း သိရသည်။
တောရယ်(ပြန်/ဆက်)