သင်္ဃန်းကျွန်းမြို့နယ်တွင်  နယ်မြေအေးချမ်းလုံခြုံရေး၊ မှုခင်းများလျော့နည်းကျဆင်းစေရေး အတွက် ယာဉ်စစ်ဆေးခြင်းဆောင်ရွက်

သင်္ဃန်းကျွန်း နိုဝင်ဘာ ၂၄


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း နယ်မြေ အေးချမ်း လုံခြုံရေး၊ မှုခင်းများလျော့နည်းကျဆင်းရေးနှင့် ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင် ရေး အတွက် ယမန်နေ့ည ၉ နာရီမှ ၁၁ နာရီအချိန်ထိ သင်္ဃန်းကျွန်းမြို့နယ် င/က ရပ်ကွက် သုဝဏ္ဏ မြို့ဦးစေတီရှေ့တွင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးတို့ ပူးပေါင်း၍ မြို့နယ်အတွင်းဖြတ်သန်းသွားလာလျက်ရှိသည့် မော်တော်ယာဉ်များအား စစ်ဆေးခြင်း လုပ်ငန်း ကို ဆောင်ရွက်ခဲ့ကြသည်။ 
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး Stay at Home နေစဉ်ကာလအတွင်း သင်္ဃန်းကျွန်းမြို့နယ်အတွင်း ဒုစရိုက်မှုများ ကျဆင်းစေရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ် ရေးတို့အတွက် ညစဉ် လှည့်ကင်းများဆောင်ရွက်ခြင်းနှင့် ယာဉ်စစ်ဆေးခြင်းတို့ကို မြို့နယ်ရဲတပ်ဖွဲ့မှ ပုံမှန်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကျော်တင့်ထွန်း(ပြန်/ဆက်)