ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်လမှတစ်နှစ်ခွဲအထိ ကလေးငယ်များအားပုံမှန် ကာကွယ်ဆေးထိုးနှံ

ကော့မှူး နိုဝင်ဘာ ၂၅


ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်လမှ တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်က မြို့သစ်ရပ်ကွက် မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ထိုးနှံပေးနေကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်မိုးမိုးနှင့် ဆရာမများက အသက်နှစ်လမှကလေးငယ်များအား ဘီစီဂျီ၊ ပြင်းထန် ဝမ်းပျက် ဝမ်းလျှော(ရိုတာ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ငါးမျိုးစပ် ကာကွယ်ဆေးဖြစ်သော (ဆုံဆို့၊ကြက်ညှာ၊အသည်းရောင် အသားဝါ(ဘီ)၊ဦးနှောက်အမြှေးရောင်) ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေးတိုက် ကျွေးခြင်းအပြင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် မေးခိုင်ရောဂါကာ ကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက် ပေးနေကြောင်းသိရသည်။
ကျော်သူရ(ကော့မှူး)