မန့်ဟီးရိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်နိုင်ရေး (Mask Campaign) ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးအသိပညာပေးခြင်းနှင့်အတူ နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် (Mask Campaign) ကို ယနေ့နံနက် (၇)နာရီအချိန် က မန့်ဟီးရိုးမြို့၊ ဈေးအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ရှိ စားသောက်ဆိုင်များ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ ကိုဗစ် - ၁၉ ရောဂါမှ ကင်းဝေးစေရန်ရည်ရွယ်ပြီး မြို့ပေါ်(၄)ရပ်ကွက်ရှိ စားသောက်ဆိုင်များ လက်ဖက်ရည်ဆိုင်များ အနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကို တာဝန်ရှိသူများက ယမန်နေ့က လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

တောင်သူများအတွက် အကျိုးရှိစေမည့် ဆောင်းပဲပုတ်မျိုး ယှဉ်ပြိုင်စမ်းသပ်ခြင်း ပြပွဲပြုလုပ်

လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ဆောင်းပဲပုတ်မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် ပြပွဲပြုလုပ်ခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် Network Activities Group (NAG) တို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၁ နာရီအချိန် က မိုင်းရယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးဝင်းအတွင်းရှိ ဆောင်းပဲပုတ် စမ်းသပ်စိုက်ကွက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့ မြို့မစျေး ပြန်လည်ဖွင့်လှစ်ရောင်းချ

ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် နိုဝင်ဘာလ ၁၈ ရက်နေ့က ယာယီပိတ်သိမ်း ထားသည့် မြောင်းမြမြို့အမှတ်(၂)ရပ်ကွက်၊ ဦးဘချိုလမ်းရှိ မြို့မစျေးအား ယမန်နေ့မှစ၍ ဖွင့်လှစ်ရောင်းချ လျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် မဲကရက်ကျေးရွာ ဘက်စုံသုံး ခန်းမဆောင်ဆောက်လုပ်ရန်အတွက် အစည်းအဝေးပြုလုပ်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖေါ် ဆောင်ရွက် နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) ရှမ်းရွာသစ်မြို့နယ်ခွဲ

နေရပ်ပြန်ပြည်သူ (၂၀) ဦးအား ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် ရယူစစ်ဆေး

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်များ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ပြန်လာသူများကို Facility Quaratine နှင့် Home Quarantine စနစ်တကျထားရှိ၍ ကျန်းမာရေး စောင့်ရှောက် ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့က နေရပ်ပြန်ပြည်သူ (၂၀) ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်တို့ကို ရယူစစ်ဆေး ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၄) ဦး ထပ်မံတွေ့ရှိ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ (၁၄) ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။

ဖောင်းပြင်မြို့၌ ပဲတောင့်ရှည် တစ်ပိဿာလျှင် ၁၅၀၀ ဈေးရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ငှက်ပျောတောကျေးရွာ ကွင်းအမှတ် ၃၅၇ တောင်သူ ဦးမင်းဇော်ဦး၏ စိုက်ခင်းတွင် ပဲတောင့်ရှည်များ စိုက်ပျိုးထားရှိရာ အောင်မြင် ဖြစ်ထွန်းလျှက်ရှိပြီး တစ်ပိဿာလျှင် ၁၅၀၀ ဈေးရရှိ၍ အမြတ်ငွေ ပိုမိုရရှိကာ အဆင်ပြေ လျှက် ရှိကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ စော့င်ကြည့်ရေးစင်တာများတွင် Quarantine ဝင်နေသူများ ထံမှ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများထပ်မံတွေ့ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ စောင့်ကြည့်ရေး စင်တာများတွင် Quarantine ဝင်နေသူများထံမှ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါအတည် ပြုလူနာများ ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး Mask Campaign ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ တိုက်ကြီး၊ ဥက္ကံ၊ အဖျောက် မြို့များရှိ လူစည်ကားရာ ဈေးများတွင် ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးလှုပ်ရှားမှု Mask Campaign ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to