မိတ္ထီလာမြို့နယ်တွင် ပြောင်းလဲလာသည့် ရာသီဥတုကြောင့် ဆည်ရေဝင်ရောက်မှုနည်းပါး၍ နွေစပါး စိုက်ပျိုးနိုင်ခြင်းမရှိသော နေရာများတွင် ကုလားပဲသီးနှံများကို အဓိက စိုက်ပျိုးလာ

မိတ္ထီလာမြို့နယ်တွင် ပြောင်းလဲလာသည့် ရာသီဥတုကြောင့် ဆည်ရေဝင်ရောက်မှု နည်းပါး၍ နွေစပါးစိုက်ပျိုးနိုင်ခြင်းမရှိသော နေရာများတွင် ကုလားပဲသီးနှံများကို အဓိက စိုက်ပျိုးလာကြကြောင်း သိရသည်။

မုဒုံမြို့နယ်တွင် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု ဆောင်ရွက်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ကူးစက်ရောဂါကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် ပြည်နယ်အစိုးရ၏ကြီးကြပ်မှုဖြင့် နှားခေါင်းစည်းနှင့်မျက်နှာ အကာအကွယ် တပ်ဆင်ရေး လူထုလှုပ်ရှားမှုပြုလုပ်ခြင်းကို ယနေ့နံနက် ၇ နာရီခွဲမှစ၍ လမ်းဆုံ လမ်းခွနှင့် လူစည်ကားရာ စျေးများ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နမ့်စန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ (၂) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဦးစီးကော်မတီ နာယက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေနှင့် ဦးစိုင်းလုံ ၊ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ် ဆရာဝန်ကြီးဒေါက်တာအောင်နိုင်ဦးနှင့် ကော်မတီဝင်များ၊ မြို့ပေါ်(၅)ရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။

ကြည့်မြင်တိုင်မြို့နယ်တွင် သား၊ ငါးနှင့် မီးဖိုချောင်သုံး စားသောက်ကုန်များကို ရပ်ကွက်များအရောက် Mobile Market စျေးရောင်းယာဉ်များဖြင့် လှည့်လည်ရောင်းချပေး

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များအား ပြည်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်များအတွင်းသို့ ကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ် စောင့်ကြည့်ရေးစခန်းတွင် နှာခေါင်းနှင့်အာခေါင်တို့မှ တို့ဖတ်ဓာတ်ခွဲ နမူနာရယူ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများက ဆောင်ရွက်လျှက်ရှိကြရာ အသွားအလာကန့်သတ်ထားသော စောင့်ကြည့်ရေးစခန်း (Facility Quarantine Centre) တွင် ယမန်နေ့ညနေပိုင်း က နှာခေါင်းနှင့်အာခေါင်တို့မှ ဓါတ်ခွဲနမူနာ ရယူခဲ့သည်။

ဝိတိုရိယတောင်တက်လမ်းအသစ် ရှာဖွေပြီးစီးသဖြင့် DMO အစည်းအဝေး ဆုံးဖြတ်ချက်နဲ့အတူ ဘတ်ဂျက် တင်ပြတောင်းခံခြင်းများ ပြုလုပ်သွားမည်

ချင်းပြည်နယ်အတွင်း အထင်ကရနေရာတစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးသွားပြည်သူများ၏ စိတ်ဝင် စားမှု အပြည့်အဝရရှိထားသည့် ဝိတိုရိယတောင်(နတ်မတောင်) တောင်တက်လမ်းအသစ် ထပ်မံရှာဖွေ ပြီးစီးခဲ့ပြီးနောက် ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ (DMO) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် အတူ ချင်းပြည်နယ်အစိုးရအဖွဲ့သို့ ဘတ်ဂျက်တောင်းခံခြင်းများ ပြုလုပ်သွားမည်ဟု ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် DMO အစည်းအဝေး အရ သိရပါသည်။

မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ တားဆီးရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ (၄:၃၀) အချိန်ခန့် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၈)နာရီအချိန်က မြို့သစ် ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမတွင် ပြုလုပ်ကြောင်း သိရသည်။ ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက Quarantine Center များအတွက် လာရောက်ထောက်ပံ့လှူဒါန်းပေးသော အလှူငွေများစာရင်းနှင့် ကုန်ကျ စရိတ်ရှင်းတမ်းများ၊ Quarantine Center မှ ထွက်သည့်အခါ Negative ဖြစ်ကြောင်း လက်မှတ်များ ဆောင်ရွက်ပေးရန်စသည့် ကိစ္စများအား ရှင်းလင်း ဆွေးနွေးကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ် (၅) ရပ်ကွက် ပျံကျစျေးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး နှာခေါင်းစည်း Mask နှင့် Face Shield များ အခမဲ့ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာကြရန် အသိပညာပေး Mask Campaign ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၈နာရီက အမှတ် ၅ ရပ်ကွက်ရှိ ပျံကျစျေး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to