ရန်ကုန် နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ၌ ပြည်သူများစိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရန် ရပ်ကွက်များအတွင်း လှည့်လည်ဈေးရောင်းချ နေသူများ အား Hand Speaker များအသုံးပြု၍ ဈေးရောင်းချခြင်းမပြုလုပ်စေရန် ပညာပေး အစီအစဉ်ပြုလုပ်၍ အရေးယူခြင်းကို ယမန်နေ့နံနက် (၇) နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ အမှတ်(၁၀) ရပ်ကွက်နှင့် အမှတ်(၁၁) ရပ်ကွက်အတွင်း လှည့်လည်ရောင်းချနေသော ဈေးရောင်းချနေသူများအား Hand Speaker များ အသုံးပြု၍ ဈေးရောင်းချခြင်းမပြုလုပ်စေရန် ပညာပေးအစီအစဉ်အနေဖြင့် Hand Speaker များအား သိမ်းဆည်းပြီး ဈေးရောင်းချသူများအား ရုံးသို့ ခေါ်ယူ၍ ခံဝန်ဖြင့် လာရောက် ထုတ်ယူစေခြင်းတို့အား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေထက်အောင် (ပြန်/ဆက်)